စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ CDF-မတူပီထံအလင်းလာပြီး မိခင်ဖြစ်သူနဲ့ညီမပါ ခေါ်ဆောင်လာ

၂၊ ဖေဖော်ဝါရီ ၊ ၂၀၂၄

Zalen

ချင်းပြည်နယ် ၊ မတူပီမြို့အခြေစိုက် ခရလ – ၁၄၀ မှ တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာပြီး မိခင်ဖြစ်သူနဲ့ညီမ ပါ ခေါ်ဆောင်လာတယ်လို့ဖေဖော်ဝါရီ ၂ ရက်နေ့က CDF-မတူပီတပ်ရင်း -၂ ထံမှသိရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ခလရ-၁၄၀ တွင် ဆက်သွယ်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်သားမျိုးချစ်အောင် ဆိုသူဟာ MA 3 သေနတ် နဲ့အတူ မိခင်ဖြစ်သူ နဲ့ အသက် ၁၄နှစ်အရွယ်ညီမဖြစ်သူ တို့ CDF-မတူပီ တပ်ရင်း ၂ ထံခိုလှုံအလင်းဝင်လာတယ်လို့သိရပါတယ်။

Zalen ad

မျိုးချစ်အောင် ဟာ ခလရ-၁၄၀ တွင် လုပ်သက် ၆ နှစ်အထိ တာဝန်ထမ်းဆောင်လာပြီး စစ်အာဏာရှင် မလိုသောကြောင့် လက်နက်နဲ့အလင်းဝင်လာပြီး CDF-မတူပီ တပ်ရင်း ၂ မှ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးပြီး လုံခြုံတဲ့နေရာပို့ဆောင်ထားတယ်လို့သိရပါတယ်။

သတင်း – သမိုင်းသစ်

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်