စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကျောင်းဆင်းလာတဲ့ ၆နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွန်လုံးကျေးရွာ (Buanlung Khua) တွင် ကျောင်းကနေအိမ်သို့ပြန်လာနေတဲ့ ၆ နှစ်အရွယ်ကလေးငယ် ၂ဦးကို စစ်ကောင်စီဒရုန်းက လက်နက်ကြီးနဲ့ ယနေ့ အောက်တိုဘာ ၁၉ ရက် ညနေ ၃ နာရီလောက်ကပစ်ခတ်လို့ သေဆုံးသွားကြောင်းသတင်းရရှိပါတယ်။

2022-10-19 20_34_24-22°30'00.0_N 93°32'59.0_E - Google Maps

ဘွန်လုံးကျေးရွာဟာ ဟားခါးမြို့ကနေ မိုင် ၂၀ လောက်ကွာဝေးပြီး Senthang မျိုးနွယ်စုတွေနေထိုင်တဲ့ရွာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် KG တန်းတက်နေတဲ့ Henry Bawi Za Lian (၆နှစ်)၊ နဲ့ James Siang Za Uk (၇နှစ်) တို့သေဆုံးပြီး ၎င်းတို့နဲ့သက်တူရွယ်တူ မိန်းကလေးတစ်ဦးလည်း ဒဏ်ရာရရှိကြောင်းသိရတယ်။

Zalen ad

အရင်နေ့တွေမှာလည်း ဘွန်လုံးကျေးရွာပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတွေ လေးကြိမ်လောက်ပျံသန်းပြီး သတင်းထောက်လှမ်းနေတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

နာဂလက်နက်ကိုင်နှစ်ဖွဲ့ကြား အချင်းချင်း ပစ်ခတ်မှု ထပ်မံဖြစ်ပွား

ဇန်နဝါရီ ၂၆၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂလက်နက်ကိုင်ဖြစ်တဲ့ NSCN-K (Yung Aung) အဖွဲ့နဲ့ NSCN-K (Angmai) တို့နှစ်ဖွဲ့ကြား ၃ကြိမ်မြောက် ပစ်ခတ် တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်များက ဆိုပါတယ်။ ...

ဆက်ဖတ်ရန်