စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲတွက် တမူးမှာ မြို့ပေါ်ရပ်ကွက် (၄) ခုနဲ့ ကျေးရွာအုပ်စု (၁) ခုသာထုတ်ပြန်နိုင်

နိုဝင်ဘာ ၇ရက်၊ ၂၀၂၅။

Zalen

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ အတုယောင်ရွေးကောက်ပွဲတွက် တမူးမြို့မှာ မြိုပေါ်ရပ်ကွက် (၄) ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၁) အုပ်စုကိုသာ မဲစာရင်းကြေငြာထားနိုင်တယ်လို့ ဒေသခံများဆီကသိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ရက်နေ့က တမူးမြို့နယ်၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တမူးမြို့ပေါ် (၄) ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၁) စုကိုသာမဲစာရင်းကြေငြာထားနိုင်တာဖြစ်ပါတယ်။

“မဲစာရင်းသွားကြည့်တဲ့သူက အရင်ကထက်နည်းတယ်။ နိုင်ငံရေးအခြေနေကမကောင်းတော့ စိတ်ဝင်စားသူကနည်းတယ်။ အခုထိတော့ မဲဆွယ်စည်းရုံးရေးဆင်းတာတော့မတွေ့ရသေးဘူးဗျ။ ကြားိတာတော့ လမ်းတွေ မီးတွေ ကောင်းအောင်လုပ်ပေးမယ်လို့ ကတိပေးထားတယ်။

ကုန်စျေးနှုန်းကတော့ လမ်းကြောရှင်းမှ ပြန်ကျပြီး တမူးမြို့ ပြန်စည်ကားလာမယ်လို့ ပြောတယ်။ PDF တွေကလမ်းပိတ်ပြီး လုပ်စားနေ ဆက်ကြေးအတောင်းကြမ်းနေလို့ ကုန်စျေးနှုန်း

ကြီးမြင့်နေရတာလို့ ပြောတယ်။ အမတ်လောင်းတွေက ခမ်းခမ်းနားနား မဲဆွဲစည်းရုံးရေးလုပ်တာတော့မတွေ့ရသေးဘူး။ ၄, ၅ဦး ဝိုင်းဖွဲ့တွေ့စုံတဲ့ စကားဝိုင်းမှာ ပြောတာဖြစ်မယ်” လို့ တမူးမြို့ခံတစ်ဦးက Zalen ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်မှာ မြို့နယ် (၁ )တစ်ခု၊ ရပ်ကွက်ကြီး(၄)ရပ်ကွက်၊ မြို့( ၂)မြို့ ရပ်ကွက် (၁၂) ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၂၂)၊ ကျေးရွာပေါင်း ၆၁ရွာရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ တမူးခရိုင်အတွင်းမှာ မဲပေးပိုင်ခွင့်ရှိသူဦးရေဟာ ၈၁၆၃၅ ရှိတာဖြစ်ပြီး နယ်မြေအများစုကို တော်လှန်ရေးအင်အားစုများထိန်းချူပ်ထားဆဲဖြစ်ပါတယ်။

တမူးမြို့နယ်၊ စစ်ကောင်စီရဲ့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တမူးမြို့ပေါ် (၄) ရပ်နဲ့ ကျေးရွာအုပ်စု (၁) ခုတို့မှာ မဲပေးပိုင်ခွင့် ရှိသူ ၃၃၃၇၈ ရှိတယ်လို့ကြေငြာထားပြီး လျာထား မဲရုံ (၂၆) ရှိတယ်လို့လည်းထုတ်ပြန်ထားပါတယ်။

တမူးမြို့မှာ စစ်ကောင်စီရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မြို့ပေါ် ရပ်ကွက်ကြီး (၄) ရက်ကွက်နဲ့ ကျေးရွာအုပ်စုတစ်ခုလောက်မှာ မဲပေးပိုင်ခွင့်ရှိသူ ၃၃၃၇၈ ရှိတယ်လို့ကြေငြာထားတာဟာ မှာယွင်းဖော်ပြမှုတွေ ရှိနိုင်တယ်လို့ တမူးလူငယ် တာဝန်ရှိသူတစ်ဦးပြောဆိုထားပါတယ်။

အခုလို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲထည့်ရန် အစီစဉ်ရှိ၊ မရှိ အစိုးရဝန်ထမ်းအရာရှိ အငြိမ်းစားတစ်ဦးကို Zalen သတင်း ဌာနမှ မေးမြန်းကြည့်ရာ “မဲပေးတယ်ဆိုတာ ကိုယ့်ဆန္ဒဘဲ။ မပေးချင်ရင် မပေးဘဲနေလို့ရတယ်။ ဘယ်သူ့ဖိအားမှကြောက်စရာမလိုဘူး။ မဲဆန္ဒရှင်တွေရဲ့ မွေးရာပါအခွင့်အရေးပါ။ ငါကတော့ ပေးဖို့လုံးဝအစီစဉ်မရှိဘူး Noပါဘဲ” လို့ပြောလာပါတယ်။

တမူးခရိုင်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်ပမယ့် နယ်မြေ ဧရိယာ ကျဉ်းမြောင်းနေတာကြောင့် အောက်တိုဘာလကစတင်ပြီ တမူး-ခမ်းပါတ် လမ်းပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချူပ်ထားတဲ့ နယ်မြေအချို့ကို သိမ်းပိုက်ထိန်းချူပ်နိုင်ရန် အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

သတင်း – စနေသား

ပုံစာ – တမူးမြို့မှာ စစ်ကောင်စီရဲ့ မဲစာရင်းကို သွားရောက်ကြည့်ရှုမှုအခြေနေ။

ဓာတ်ပုံ – စစ်ကောင်စီ၊ ရွေးကောက်ပွဲကော်မရှင်

နောက်ဆုံးရသတင်းများ

ဟားခါးမြို့မှာ အရပ်ဝတ်ဖြင့် ငွေကောက်ခံနေတဲ့ နယ်ထိန်းရဲ ပစ်ခတ်ခံရပြီး တစ်ဦး သေဆုံး

နိုဝင်ဘာ ၁၀၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ အရပ်ဝတ်နဲ့ ငွေကောက်ခံနေတဲ့ နယ်ထိန်းရဲ ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ နိုဝင်ဘာ ၉ ရက်နေ့၊ မနက် ၇ ...

ဆက်ဖတ်ရန်