စစ်ကောင်စီဖမ်းဆီးထားတဲ့ သင်းအုပ်ဆရာတော် သျှန်းလျန်ဆန်းကိုချက်ချင်းလွတ်ပေးဖို့ ကမ္ဘာ့နှစ်ခြင်းသင်းတော်မဟာမိတ်အဖွဲ့ကတောင်းဆို

စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့ မန္တလေးမြို့က ဖလမ်းနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာတော် သိက္ခာတော်ရဆရာ သျှန်းလျန်ဆန်းကို ချက်ချင်းလွတ်ပေးဖို့ နဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီတပ်ပစ်သတ်လို့ကွယ်လွန်သွားတဲ့ သင်းအုပ်ဆရာတော် ကျုံးဗျက်ဟုမ်းအပေါ်တာဝန်ယူရန်နဲ့ စစ်တပ်မီးရှိုတဲ့အိမ်တွေကိုပြန်လည်ထူထောင်ပေးဖို့တောင်ဆိုကြောင်း ကမ္ဘာ့နှစ်ခြင်းအသင်းတော်မဟာမိတ်အဖွဲ့ (Baptist World Allience) က စက်တင်ဘာ ၂၀ ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

Baptist World Alliance (BWA) ဟာ နိုင်ငံနဲ့နယ်မြေ ၁၂၆ ခုတွင် နှစ်ခြင်းခရစ်ယာန်အသင်းသားပေါင်း ၄၉ သန်းကျော်ကိုယ်စားပြုတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

ဆရာတော်သျှန်းလျန်ဆန်း ဆွေမျိုးတယောက်က “အခုထိ စစ်ကောင်စီဘက်ကဆက်သွယ်တာမရှိသေးဘူး။ ဘယ်နေရာမှာထိန်းသိမ်းထားလဲ ဘယ်ပုဒ်မတပ်တယ်မသိရသေးဘူး။ ဆရာတော်အတွက် အတော်စိုးရိမ်ရတယ်။ ကိုဗစ်ရောဂါကနေ ကျန်းမာလာတာမကြာသေးဘူး။ အဆုတ်လည်းတော်တော်ထိတော့ အခုပုံမှန် ဆေးတွေသောက်နေရဆဲဖြစ်တယ်။ သူပုံမှန်သောက်တဲ့ဆေးလည်းမပို့နိုင်ဘူး။ အဝတ်အစားတွေလည်းမပို့နိုင်ဘူး။ အမြန်ပြန်လွတ်ဖို့ဆုတောင်းပေးယုံပဲရှိတယ်” လို့ပြောပါတယ်။

သိက္ခာတော်ရဆရာတော် သျှန်းလျန်ဆန်းကို စက်တင်ဘာ ၁၆ ရက်နေ့က ၄င်းနေထိုင်တဲ့ မန္တလေးမြို့ အမှတ် -၄၆၊ ၇၉ လမ်း၊ ၄၀-၄၁ ကြားမှာ အရပ်ဝတ်စစ်ကောင်စီတပ်သားတွေက အိမ်စီးကား ၃ စီး၊ ဆိုင်ကယ် ၃ စီးနဲ့ လူ ၂၀ ခန့်ကလက်နက်အပြည့်အစုံဖြင့်လာရောက်ဖမ်းဆီကြပါတယ်။

Zalen ad

ဖမ်းဆီးခံရစဉ် တအိမ်လုံးရှာဖွေပြီး ဆရာတော်ရဲ့လက်ကိုင်ဖုန်းအပြင် ဆရာကတော်ရဲ့ဖုန်းနဲ့ ဆရာတော်မိခင်ဖုန်း အပါအဝင် ဖုန်း ၅ လုံးယူဆောင်သွားပါတယ်။ ဒါ့ပြင် ဇူလိုင်လက ကိုဗစ်နဲ့ဆုံးသွားတဲ့ ဆရာတော်ရဲ့ဖခင် နာရေးထောက်ပံ့ငွေ သိန်း ၄၀ ကိုလည်းခိုးယူသွားကြပါတယ်။

စက်တင်ဘာလ ၁၈ ရက်တွင်လည်း ချင်းပြည်နယ်၊ ထန်တလန်မြို့ ရာပြည့်နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာတော် သိက္ခာတော်ရဆရာ ကျူံးဗျက်ဟုမ်းဟာ မီးငြိမ်းဖို့ဆိုင်ကယ်နဲ့သွားနေစဉ် စစ်ကောင်စီတပ်ကပစ်ခတ်လို့ကွယ်လွန်သွားပါတယ်။ အလောင်းပေါ်က လက်ပတ်နာရီ၊ လက်ချောင်းကိုဖြတ်တောက်ပြီး မင်္ဂလာလက်စွပ်ကိုလည်းခိုးယူသွားပါတယ်။

Zawgyi

စစ္ေကာင္စီဖမ္းဆီးထားတဲ့ သင္းအုပ္ဆရာေတာ္ သွ်န္းလ်န္ဆန္းကိုခ်က္ခ်င္းလြတ္ေပးဖုိ႔ ကမာၻ႔ႏွစ္ျခင္းသင္းေတာ္မဟာမိတ္အဖြဲ႔ကေတာင္းဆို

စစ္ေကာင္စီတပ္ကဖမ္းဆီးထားတဲ့ မႏၱေလးၿမိဳ႕က ဖလမ္းႏွစ္ျခင္းအသင္းေတာ္ သင္းအုပ္ဆရာေတာ္ သိကၡာေတာ္ရဆရာ သွ်န္းလ်န္ဆန္းကို ခ်က္ခ်င္းလြတ္ေပးဖို႔ နဲ႔ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕က စစ္ေကာင္စီတပ္ပစ္သတ္လုိ႔ကြယ္လြန္သြားတဲ့ သင္းအုပ္ဆရာေတာ္ က်ဳံးဗ်က္ဟုမ္းအေပၚတာဝန္ယူရန္နဲ႔ စစ္တပ္မီးရိႈတဲ့အိမ္ေတြကိုျပန္လည္ထူေထာင္ေပးဖုိ႔ေတာင္ဆိုေၾကာင္း ကမာၻ႔ႏွစ္ျခင္းအသင္းေတာ္မဟာမိတ္အဖြဲ႔ (Baptist World Allience) က စက္တင္ဘာ ၂၀ ရက္စြဲနဲ႔ထုတ္ျပန္ထားပါတယ္။

Baptist World Alliance (BWA) ဟာ ႏိုင္ငံနဲ႔နယ္ေျမ ၁၂၆ ခုတြင္ ႏွစ္ျခင္းခရစ္ယာန္အသင္းသားေပါင္း ၄၉ သန္းေက်ာ္ကိုယ္စားျပဳတဲ့အဖြဲ႔အစည္းျဖစ္ပါတယ္။

ဆရာေတာ္သွ်န္းလ်န္ဆန္း ေဆြမ်ဳိးတေယာက္က “အခုထိ စစ္ေကာင္စီဘက္ကဆက္သြယ္တာမရွိေသးဘူး။ ဘယ္ေနရာမွာထိန္းသိမ္းထားလဲ ဘယ္ပုဒ္မတပ္တယ္မသိရေသးဘူး။ ဆရာေတာ္အတြက္ အေတာ္စိုးရိမ္ရတယ္။ ကိုဗစ္ေရာဂါကေန က်န္းမာလာတာမၾကာေသးဘူး။ အဆုတ္လည္းေတာ္ေတာ္ထိေတာ့ အခုပံုမွန္ ေဆးေတြေသာက္ေနရဆဲျဖစ္တယ္။ သူပံုမွန္ေသာက္တဲ့ေဆးလည္းမပို႔ႏိုင္ဘူး။ အဝတ္အစားေတြလည္းမပို႔ႏိုင္ဘူး။ အျမန္ျပန္လြတ္ဖုိ႔ဆုေတာင္းေပးယံုပဲရွိတယ္” လုိ႔ေျပာပါတယ္။

သိကၡာေတာ္ရဆရာေတာ္ သွ်န္းလ်န္ဆန္းကို စက္တင္ဘာ ၁၆ ရက္ေန႔က ၄င္းေနထုိင္တဲ့ မႏၱေလးၿမိဳ႕ အမွတ္ -၄၆၊ ၇၉ လမ္း၊ ၄၀-၄၁ ၾကားမွာ အရပ္ဝတ္စစ္ေကာင္စီတပ္သားေတြက အိမ္စီးကား ၃ စီး၊ ဆိုင္ကယ္ ၃ စီးနဲ႔ လူ ၂၀ ခန္႔ကလက္နက္အျပည့္အစံုျဖင့္လာေရာက္ဖမ္းဆီၾကပါတယ္။

ဖမ္းဆီးခံရစဥ္ တအိမ္လံုးရွာေဖြၿပီး ဆရာေတာ္ရဲ႕လက္ကိုင္ဖုန္းအျပင္ ဆရာကေတာ္ရဲ႕ဖုန္းနဲ႔ ဆရာေတာ္မိခင္ဖုန္း အပါအဝင္ ဖုန္း ၅ လံုးယူေဆာင္သြားပါတယ္။ ဒါ့ျပင္ ဇူလုိင္လက ကိုဗစ္နဲ႔ဆံုးသြားတဲ့ ဆရာေတာ္ရဲ႕ဖခင္ နာေရးေထာက္ပံ့ေငြ သိန္း ၄၀ ကိုလည္းခိုးယူသြားၾကပါတယ္။

စက္တင္ဘာလ ၁၈ ရက္တြင္လည္း ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ ရာျပည့္ႏွစ္ျခင္းအသင္းေတာ္က သင္းအုပ္ဆရာေတာ္ သိကၡာေတာ္ရဆရာ က်ဴံးဗ်က္ဟုမ္းဟာ မီးၿငိမ္းဖို႔ဆုိင္ကယ္နဲ႔သြားေနစဥ္ စစ္ေကာင္စီတပ္ကပစ္ခတ္လုိ႔ကြယ္လြန္သြားပါတယ္။ အေလာင္းေပၚက လက္ပတ္နာရီ၊ လက္ေခ်ာင္းကိုျဖတ္ေတာက္ၿပီး မဂၤလာလက္စြပ္ကိုလည္းခိုးယူသြားပါတယ္။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်