စစ်ကောင်စီရဲ့ စက်သုံးဆီချွေတာရေးထုတ်ပြန်ပြီးနောက် ကလေးမြို့နဲ့အချို့မြို့များမှာ စက်သုံးဆီဈေးတက်လာ

မတ်၄၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စက်သုံးဆီဈေး ကြီးမြင့်လာပြီး ဒေသခံတွေဟာ တန်းစီပြီး အလုအယက် ဝယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စက်သုံးဆီဈေး ကြီးမြင့်လာပြီး ဒေသခံတွေဟာ တန်းစီပြီး အလုအယက် ဝယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

အီရန်စစ်ရေးကြောင့် စက်သုံးဆီဈေး မြင့်တက်ကာ ပြတ်လပ်မှာ စိုးရိမ်မှုတွေရှိလာတဲ့အတွက် အခုလို တန်းစီပြီး ၀ယ်နေကြတာကြောင့် ဆီဆိုင်တချို့ ပိတ်ထားရတယ်လို့ ဆိုပါတယ်။

အရင်က ဓာတ်ဆီ တစ်ဂါလံကို ၂သောင်း ၀န်းကျင် ရှိရာကနေ ဒီနေ့မှာ ၂၉၀၀၀ အထိ ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ဈေးတက်နိုင်တယ်၊ ဆီ ပြတ်နိုင်ဆိုပြီး တန်းစီ အလုအယက် ၀ယ်နေကြတာ၊ အဲဒီလို အလုအယက်လုပ်တော့ ဈေးပိုတက်တာပေါ့၊ တချို့ဆိုင်ဆို ပုံးနဲ့တောင် မရောင်းတော့ဘူး။ တချို့‌ဆိုင်တွေက ဆီကိုလှောင်ထားကြတယ်။ ဈေးက ခုန်တက်သွားတာ၊ အခု BOC (မြမြတ်တ္တာမွန်ဆိုင်)မှာ အများကြီး တန်းစီနေကြတယ်။ ” လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်၊ မန္တလေးလို တခြားမြို့ကြီးတွေမှာလည်း စက်သုံးဆီဈေးအနည်းငယ်တက်လာပြီး တန်းစီ၀ယ်ယူနေတာမျိုးရှိလာတယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့ကစပြီး စစ်ကောင်စီက လက်ရှိ ဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်း‌ ဒေသ စစ်ရေး ပဋိပက္ခတွေကြောင့် စက်သုံးဆီချွေတာရေး စစ်ကော်မရှင်သတိပေးလိုက်ပြီး EV ယာဉ်မှအပ ကား၊ ဆိုင်ကယ် ကိုယ်ပိုင်ယာဉ်အားလုံး တစ်ရက်မောင်း၊တစ်ရက်နားစနစ် ကျင့်သုံးရမယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်သုံး‌ဆီလုပ်ငန်းရှင်တွေနဲ့ အများပြည်သူတွေအနေနဲ့ စက်သုံးဆီ၀ယ်ယူစုဆောင်းတာ၊ ဈေးနှုန်းမြှင့်တင်ရောင်းချတာ မပြုလုပ်ကြဖို့နဲ့ ထုတ်ပြန်ချက်ကို မလိုက်နာရင် အရေးယူသွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်

မတ် ၄၊ ၂၀၂၆Zalen မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် ...

ဆက်ဖတ်ရန်