စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ကောင်းသည်ဟုဆိုကာ ပလက်ဝမြို့တွင် ကျောင်းနှံအပ်သူများပြား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အယောက် (၁၀၀၀) နီးပါး အောင်မြင်ခဲ့ပြီးနောက်  အောင်ချက်ကောင်းသည် ဟုဆိုကာ တက္ကသိုလ်ဝင်တန်း ကျောင်းနှံသူများပြားလျက်ရှိကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ပြီးနောက် ပလက်ဝမြို့နယ်တွင် ယခင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တစ်နှစ်ကျပြီးတဲ့ ကျောင်းသူ/သားဟောင်းများ အထက (၁) မြို့မ ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းအပ်နှံသူ များပြားလျက်ရှိပြီး ကျောင်းသူ/သားများ ထိုင်ခုံ၊ အခန်း လုံလောက်မူ မရှိသည့်ထိ ရှိ‌နေသည်ဟု သိရှိရသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီလက်ထက် ကျင်းပသည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပြည်နယ်အဆင့် အမှတ်အများဆုံး ဝိဇ္ဇာ၊ ဝိပ္ပံ၊ သိပ္ပံအတွဲအလိုက် ကျောင်းသား ၁၀ ဦးစီရွေးချယ်ရာမှ ဝိဇ္ဇာအတွဲ ၇ ဦးနှင့် ဝိပ္ပံအတွဲ ၃ ဦးဖြစ် ပလက်ဝမြို့နယ်က ရရှိခဲ့သည်။

နောက်ဆုံးရသတင်းများ

နတ်ရေကန်ကနေထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်တပ် ၂၇ ဦးကို PRA-Magway မှအရှင်ဖမ်းမိ

အောက်တိုဘာလ ၃၊ ၂၀၂၅ Zalen မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် ဝန်းကျင်ကနေ ထွက်ပြေးလာတဲ့ တပ်မ (၉၉) နဲ့ စကခ (၁၇) လက်အောက်ခံ အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင် ၂၇ ဦးကို အရှင်ဖမ်းမိ ထားတယ်လို့ ...

ဆက်ဖတ်ရန်