စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ကောင်းသည်ဟုဆိုကာ ပလက်ဝမြို့တွင် ကျောင်းနှံအပ်သူများပြား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အယောက် (၁၀၀၀) နီးပါး အောင်မြင်ခဲ့ပြီးနောက်  အောင်ချက်ကောင်းသည် ဟုဆိုကာ တက္ကသိုလ်ဝင်တန်း ကျောင်းနှံသူများပြားလျက်ရှိကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ပြီးနောက် ပလက်ဝမြို့နယ်တွင် ယခင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တစ်နှစ်ကျပြီးတဲ့ ကျောင်းသူ/သားဟောင်းများ အထက (၁) မြို့မ ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းအပ်နှံသူ များပြားလျက်ရှိပြီး ကျောင်းသူ/သားများ ထိုင်ခုံ၊ အခန်း လုံလောက်မူ မရှိသည့်ထိ ရှိ‌နေသည်ဟု သိရှိရသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီလက်ထက် ကျင်းပသည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပြည်နယ်အဆင့် အမှတ်အများဆုံး ဝိဇ္ဇာ၊ ဝိပ္ပံ၊ သိပ္ပံအတွဲအလိုက် ကျောင်းသား ၁၀ ဦးစီရွေးချယ်ရာမှ ဝိဇ္ဇာအတွဲ ၇ ဦးနှင့် ဝိပ္ပံအတွဲ ၃ ဦးဖြစ် ပလက်ဝမြို့နယ်က ရရှိခဲ့သည်။

နောက်ဆုံးရသတင်းများ

Joshua Van ရဲ့ပထမဆုံးချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ်ဂျပန်ဖိုက်တာ Tatsuro Taira နဲ့ထိုးသတ်သွားမယ်

ဖေဖော်ဝါရီလ ၂၃၊ ၂၀၂၆ Zalen လက်ရှိ UFC Flyweight ချန်ပီယံ Joshua Van ကတော့ သူ့ရဲ့ပထမဦးဆုံးချန်ပီယံ ခါးပတ်ကာကွယ်ပွဲအဖြစ် ဂျပန် ဖိုက်တာ Tatsuro Taira နဲ့ထိုးသတ်သွားကြမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို လာမယ့် ...

ဆက်ဖတ်ရန်