စစ်တပ်ဝင်ရောက်လာပြီးနောက် ပလက်ဝမြို့နယ်မှာ နေအိမ်များ မီးလောင်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အဘောင်သားရွာကို စက်တင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ကြတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။

ရက္ခိုင့်တပ်တော် နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားတာကြောင့် အဘောင်သားရွာကပြည်သူတွေကို စစ်ကောင်စီတပ်က အတင်းအဓမ္မဖြင့် ကျေးရွာကနေအကုန်နင်ထုတ်ပြီး သြဂုတ်လကုန်ပိုင်းတွင် ပလက်ဝမြို့သို့လာရောက်ပြောင်းရွှေ့ကြပါတယ်။

အဘောင်သားရွာဟာ နေအိမ် ၁၅၀ လောက်ရှိတဲ့ ရွာဖြစ်ပြီး ရွာသား ၆၀၀ လောက် ပလက်ဝမှာ စစ်ဘေးရှောင်ကြပါတယ်။

လူမနေတော့တဲ့ အဘောင်သားရွာထဲကို စက်တင်ဘာ ၅ ရက်က စစ်ကောင်စီတပ်တွေဝင်လာပြီးနောက် အခုလို မီးလောင်သွားတာဖြစ်ပါတယ်။

“ရွာမှာတော့ ဘယ်သူမှ မရှိတော့ဘူး၊ မနေ့က စစ်တပ်ရောက်လာပြီး အိမ်တွေ မီးရှို့ခံထားရတယ်ပဲ သိရသေးတယ်။ လောလောဆယ်မှာတော့ နေအိမ် ဘယ်နှစ်အိမ် မီးရှို့ခံရသလဲဆိုတာကို ကျွန်တော်တို့ အတိအကျ မသိရသေးဘူး” လို့ ရွာသား တစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့က အဘောင်သားရွာသား အမျိုးသားတစ်ဦး တောထဲမျှစ်ရှာထွက်ပြီး အိမ်ပြန်မလာနိုင်လို့ ဇနီးသည်ကသွားရောက်ရှာဖွေစဉ် မိုင်းနင်းမိပြီးသေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်