စစ်တပ်ဝင်ရောက်လာပြီးနောက် ပလက်ဝမြို့နယ်မှာ နေအိမ်များ မီးလောင်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အဘောင်သားရွာကို စက်တင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ကြတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။

ရက္ခိုင့်တပ်တော် နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားတာကြောင့် အဘောင်သားရွာကပြည်သူတွေကို စစ်ကောင်စီတပ်က အတင်းအဓမ္မဖြင့် ကျေးရွာကနေအကုန်နင်ထုတ်ပြီး သြဂုတ်လကုန်ပိုင်းတွင် ပလက်ဝမြို့သို့လာရောက်ပြောင်းရွှေ့ကြပါတယ်။

အဘောင်သားရွာဟာ နေအိမ် ၁၅၀ လောက်ရှိတဲ့ ရွာဖြစ်ပြီး ရွာသား ၆၀၀ လောက် ပလက်ဝမှာ စစ်ဘေးရှောင်ကြပါတယ်။

လူမနေတော့တဲ့ အဘောင်သားရွာထဲကို စက်တင်ဘာ ၅ ရက်က စစ်ကောင်စီတပ်တွေဝင်လာပြီးနောက် အခုလို မီးလောင်သွားတာဖြစ်ပါတယ်။

Zalen ad

“ရွာမှာတော့ ဘယ်သူမှ မရှိတော့ဘူး၊ မနေ့က စစ်တပ်ရောက်လာပြီး အိမ်တွေ မီးရှို့ခံထားရတယ်ပဲ သိရသေးတယ်။ လောလောဆယ်မှာတော့ နေအိမ် ဘယ်နှစ်အိမ် မီးရှို့ခံရသလဲဆိုတာကို ကျွန်တော်တို့ အတိအကျ မသိရသေးဘူး” လို့ ရွာသား တစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့က အဘောင်သားရွာသား အမျိုးသားတစ်ဦး တောထဲမျှစ်ရှာထွက်ပြီး အိမ်ပြန်မလာနိုင်လို့ ဇနီးသည်ကသွားရောက်ရှာဖွေစဉ် မိုင်းနင်းမိပြီးသေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်