ဆယ်ရက်အတွင်း အမျိုးသမီး ၁၂ ဦး သတ်ဖြတ်ခံရကြောင်း AAPP ထုတ်ပြန်

၁၂၊ ဧပြီ၊ ၂၀၂၄

Zalen

ဧပြီ ၁ ရက်ကနေ ၁၁ ရက်နေ့အထိ ဆယ်ရက်အတွင်း စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်၀န်းက အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဧပြီ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူ အမျိုးသမီးတွေထဲမှာ အသက် ၁၈ နှစ်အောက် နှစ်ဦးပါဝင်တယ်လို့ ဆိုကါတယ်။

Zalen ad

လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ငါးဦးသေဆုံးခဲ့ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံသူ တစ်ဦး စုစုပေါင်း ၁၂ဦး သေဆုံးခဲ့တာလို့ AAPP စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ငါးဦးနဲ့ အများဆုံး သတ်ဖြတ်ခံရတဲ့ဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း နိုင်ငံတစ်ဝန်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအပါအဝင် စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၆၁ ဦး သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၇၅၄ ဦးအထိ သေဆုံးခဲ့ပါတယ်။

Mary

နောက်ဆုံးရသတင်းများ

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၁၆ ဦး အစုလိုက်အပြုံလိုက်သေဆုံး

မတ် ၁၁၊ ၂၀၂၆ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ...

ဆက်ဖတ်ရန်