ဇန်နဝါရီ ၂၇ ၊၂၀၂၆
Zalen
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူ ကပစ ၂၂ ကနေ တက်လာတဲ့ ပါရာမော်တာ တစီးမုန်တိုင်းချောင်းအနီး ယမန်နေ့ မနက်ပိုင်းမှာ ပျက်ကျသွားတယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ ပါရာမော်တာကတော့ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို လေကြောင်းတိုက် ခိုက်ဖို့ လာတဲ့အချိန်မှာ စက်ချို့ယွင်းပြီး ပျက်ကျသွားတာလို့ ဆိုပါတယ်။
” စက်ကတော့ပျက်ကျသွားတယ်။ မောင်းတဲ့သူကတော့ဘာမှမဖြစ်ဘူးလို့ကြားတယ်။ ကပစ ၂၂ မှာ ပါရာမော်တာ နှစ်စီးရှိတယ်။ အခု တစ်စီးကို ထပ်ပြင်နေတယ်” လို့ ဒေသခံ အမျိုးသား တဦးက Zalen ကိုပြောပါတယ်။
ကပစ ၂၂ က စစ်ကောင်စီတပ်ဖွဲ့တွေကတော့ ဆိပ်ဖြူမြို့နယ် တောင်ခြမ်း နေရာတွေကို ပါရာမော်တာ နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ၃ ရက်ဆက်တိုက် ပြုလုပ်နေတာကြောင့် ဒေသခံ အရပ်သားထိခိုက်မှုတွေလည်း ရှိတယ်လို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊နို၀င်ဘာလ ၂၂ ရက်နေ့တုန်းက ပခုက္ကူခရိုင် ၊ ပေါက် – မြိုင် အစပ်မှာ လေကြောင်းတိုက်ခိုက်ပြီးပြန်လာတဲ့ စစ်ကောင်စီပါရာမော်တာတစီးကို တော်လှန်ရေး တပ်ဖွဲ့တွေကပစ်ခတ်ခဲ့လို့ ပျက်ကျခဲ့ပါတယ်။
သတင်း – အညာသား
ဓာတ်ပုံ-လူမှုကွန်ယက်
#ပခုက္ကူ#ဆိပ်ဖြူ#ပါရာမော်တာ#Zalen
















