ဆိုင်းဇန်ကျေးရွာ မြို့ရရှိမယ့်သတင်း မဟုတ်မှန်ဟု လူမှုရေးဝန်ကြီးငြင်းဆို

ဆိုင်းဇန်ကျးရွာ မြို့ရရှိမယ့်သတင်း မဟုတ်မှန်ဟု လူမှုရေးဝန်ကြီးငြင်းဆို

တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာတွင် မီးသတ်စခန်းတည်ဆောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး မကြာခင် ဆိုင်းဇံကျေးရွာမြို့ရရှိတော့မယ်လို့ ဒေသခံများထံသတင်းပြန့်နှံ့လျက်ရှိပါတယ်။

ယင်းကိစ္စနဲ့စပ်လျဉ်းပြီး ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “အစိုးရဆီမှာတင်တာတော့မရှိဘူး။ မီးသတ်စခန်းဆောက်ဖို့ မြို့ဆိုတဲ့ စကားပါလာလို့ဖြစ်တာ။ အမှန်က ကပ်တဲလ်၊ သွေထန်၊ လိုင်သွေရွာတွေ မြို့ရဖို့တင်လာကြတယ်။ ဆိုင်းဇံတော့ ပါကိုးမပါသေးဘူး။ ဒီရွာကြီးသုံးရွာက အိမ်ခြေ ၅၀၀ ကျော်ရှိတော့ မြို့ရဖို့တင်ကြတာပေါ့။ မီးသတ်စခန်းဆေက်ဖို့ဆိုတာလည်း ရွာကြီးတွေမှာမီးသတ်စခန်းလုပ်ပေးရမယ်။ မီးတစ်ခုထဲမဟုတ်ဘဲနဲ့ သဘာဝဘေးကြုံရင်ကယ်ဆယ်ရေးလည်းလုပ်ဖို့စဉ်းစားထားတယ်။ ပြည်နယ်မီးသတ်က မြို့ဆိုတဲ့စကားသုံးမိတော့ ဆိုင်းဇံရွာမြို့ရတော့မယ်လို့သတင်းထွက်နေတာ။ မြို့ရဖို့ဆိုတာ မြို့အင်္ဂါနဲ့ညီညွှတ်အောင်လုပ်ဖို့အများကြီးရှိတော့ ချက်ချင်းပေးဖို့မလွယ်ဘူး” လို့ပြောပါတယ်။

သြဂုတ်လ (၁၉)ရက်နေ့တွင် ချင်းပြည်နယ် မီးသတ်ဦးစီးမှူးရုံးက တီးတိန်မြို့နယ် ဆိုင်းဇန်ကျးရွာအုပ်စုအား မြို့အဖြစ်သတ်မှတ်မည်ဖြစ်ခြင်းနဲ့ နယ်မြေမီးသတ်စခန်းဆောက်လုပ်မည့် အစီအစဉ်ရှိပါသဖြင့် နယ်မြေမီးသတ်စခန်းမြေနေရာရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်၍ ပြန်လည်တင်ပြရန်အကြောင်းကြားသည်လို့ဖော်ပြထားပါတယ်။

ချင်းပြည်နယ် မီးသတ်ဦးစီးမှူးရုံး ဒု-ညွှန်ကြားရေးမှူး ဦးကျော်ကျော်က “အပေါ်ရုံးကထွက်တဲ့စာဆိုတာက အောက်ရုံးကလူတွေနားလည်အောင်သုံးတဲ့စကားရပ်အသုံးနှုန်းဖြစ်တယ်။ ကျနော်တို့ရုံးတွင်းစာထုတ်တာက ပြည်သူလူထုနဲ့မပတ်သက်ဘူး။ ပြည်သူလူထုကိုအသိပေးတဲ့စာမဟုတ်ဘူး။ သူတို့လုပ်ငန်းလုပ်လို့ရအောင် အကြောင်းကြားတဲ့စာဖြစ်တယ်။ အဲ့ဒါနားလည်စေချင်တယ်။ မြို့သတ်မှတ်ဖို့ဆိုတာ သူနဲ့ဆိုင်တဲ့အဖွဲ့တွေရှိတယ်။ မြို့နယ်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်နေတာလေးတွေရှိမယ်။ မြို့သတ်မှတ်တာ မသတ်မှတ်တာ ကျနော်တို့ဌာနနဲ့မဆိုင်ဘူး။ ကျနော်တို့လုပ်ရမယ့်အလုပ်ကိုကြိုတင်လုပ်တာပေါ့နော်။ ကျနော်သိသလောက် ပြည်နယ်လွှတ်တော်မေးခွန်းရှိတယ်။ ကျနော်တို့ကဖြေထားတာလေးရှိတယ်။ အဆင်ပြေတဲ့ ဘဏ္ဍာရေးနှစ်မှာ မီးသတ်စခန်းဆောက်ပါ့မယ်ဆိုပြီးဖြေထားတာတစ်ခုရှိတယ်။ မြေရဖို့ ကြိုလုပ်တာ။ မြို့ဖြစ်ပြီးမှ မြေသွားတောင်းရင် တအားနောက်ကျသွားမှာလေ။ ကျနော်တို့သိသလောက်တော့ မြို့လျာထားတယ်” လို့ပြောပါတယ်။

ဆိုင်းဇန်ကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး ၎င်းရွာအနီးတွင် လေယာဉ်ကွင်းတည်ဆောက်ဖို့ ကွင်းဆင်းလေ့လာမှုတွေလည်း ပြုလုပ်ခဲ့ကြပါပြီ။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်