ဆောမြို့နယ်တွင် ညီမအရင်းကို အစ်ကိုဖြစ်သူက အဓမ္မပြုကျင့်

၂၆ ၊ဇူလိုင် ၊၂၀၂၄

Zalen

မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊လယ်ကြီးအိုင့်ကျေးရွာတွင် နေထိုင်တဲ့ ဉီးငိုင်းကီးရဲ့သားဉီးကီးလိန်း (၄၀နှစ်) က ၄◌င်းရဲ့ညီမအရင်းဖြစ်သူ  အသက် ၂၃နှစ်ကို ဇူလိုင် ၁၇ ရက်နေ့က အဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။

လိင်ပိုင်းဆိုင်ရာကျူးလွန်သူ ဉီးကီးလိန်းနဲ့ ကျူးလွန်ခံရသူတို့ဟာ ဖအေတူ၊ မအေကွဲ မောင်နှမ‌ တွေဖြစ်ကြပြီးဦးကီးလိန်းကသူ့ညီမအပေါ်လိင်ပိုင်းဆိုင်ရာ‌ စော်ကားမှု‌ တွေအကြိမ်ကြိမ်ကျူး လွန်ခဲ့သ လို၊ ခြိမ်းခြောက်မှုတွေ၊ကိုယ်ထိလက်ရောက်စော် ကားမှုတွေပါကျူးလွန်ခဲ့တယ်လို့သိရပါတယ်။

ညီမအပေါ်မုဒိန်းမှုကျူးလွန်ခဲ့တဲ့ဦးကီးလိန်းကို သူ့အဖေနဲ့ သူ့ဘထွေးတို့က လယ်ကြီးအိုင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံလာရောက်တိုင်ကြားခဲ့တာကြောင့် ဆောမြို့နယ် ပြည်သူ့လုံခြုံကရးတပ်ဖွဲ့နှင့်ပူးပေါင်းပြီး သွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့လယ်ကြီးအိုင့်‌ ဒေသခံတစ်ဉီးက “ကျွန်တော်တို့ကိုလာရောက်အကြောင်းကြားလို့ ပလဖ အဖွဲ့၀င်တွေနဲ့ပူးပေါင်းပြီးဖမ်းဆီးလိုက်တယ်။ ပြီးတော့ တိုင်စာမှာက ၂၀၂၃ခုနှစ်ထဲမှာ သူ့ညီမအပေါ်မုဒိန်းမှုပြုလုပ်တာ ၈ကြိမ်ထိရှိတယ်။ ပြီးတော့အခုတစ်ကြိမ်၊ပြစ်မှုကအရမ်းများတယ်။ အခု ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံအပ်ထားပါတယ်။ သူတို့ထိန်းချုပ်မှုအောက်ကိုပို့ထားတာဗျ”လို့ Zalen ကိုပြောပါတယ်။

ဦးငိုင်းကီးရဲ့သမီးဖြစ်သူဟာ အကိုဖြစ်သူဦးကီးလိန်းရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအကြိမ် ကြိမ်ပြုလုပ်ခံရလို့ ခရီးထွက်ရာကနေအခုပြန်ရောက် လာချိန်မှာပဲထပ်မံအစော်ကားခံရတာလို့သိရပါတယ်။

လက်ရှိအချိန်မှာ လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူ ဦးကီးလိန်း ကိုတော့ သက်ဆိုင်ရာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ က ထိန်းသိမ်းထားတယ်လို့သတင်းရရှိပါတယ်။

ယောနေ

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်