ရှမ်းယူနိုက်တက်အသင်းနဲ့လမ်းခွဲခဲ့တဲ့ဆွမ်လမန်ကယခုဆိုရင် Thai League-3 မှာ တစ်လကို ဘတ်တစ်သိန်းနဲ့(၂)နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီလို့သိရပါတယ်။
ဒီဇင်ဘာလ (၁၇)ရက်နေ့မှာ ထိုင်းလိဂ် မြောင်ကန်ယူနိုက်တက်အသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့တဲ့အပေါ်မှာခုလိုပြောတာဖြစ်ပါတယ်။
ဆွမ်လမန် (Suan Lam Mang) ဟာ ၁၉၉၄ ခုနှစ် ဇူလိုင်လ (၂၈)ရက်တွင် ကလေးမြို့၌ မွေးဖွားပြီး အရပ် ၅ ပေ ၇ လက်မမြင့်ပါတယ်။
၂၀၀၉ ခုနှစ်တွင် ZOFA တွင်ကစားပြီး ၂၀၁၀ တွင် ဇွဲကပင်အသင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ချင်းယူနိုက်တက်အသင်း၊ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်အသင်း၊ ၂၀၁၈ ခုနှစ်တွင် ရှမ်းအသင်းတွင် ကစားခဲ့ပါတယ်။
ဆွမ်လမန်ဟာ ၂၀၁၅ ခုနှစ်ကနေ ဒီနှစ်ထိ မြန်မာနိုင်ငံလက်ရွေးအသင်းတွင် မြန်မာကိုယ်စားပြုကစားပါတယ်။
မြောင်ကန်အသင်းရှိတဲ့ ခရိုင်မှာ မြန်မာလူမျိုးတွေအများအပြားရှိပြီး ဆွမ်လမန်မှတစ်ဆင့် မြန်မာပရိသတ်တွေကို ဆွဲဆောင်နိုင်မယ်လို့ယူဆကြောင်း မြောင်ကန်အသင်းပိုင်ရှင်ကဆိုပါတယ်။