ဇိုမီးအမျိုးသားပွဲတော်သို့ ZCD လွှတ်တော်အမတ်တွေနဲ့ပြည်တွင်းအနုပညာရှင်အချို့သွားရောက်

နှစ်နှစ်မှာတစ်ကြိမ်ကျင်းပတဲ့ ဇိုမီးအမျိုးသားပွဲတော်ကို အမေရိကန်နိုင်ငံ Tulsa မြို့ရှိ Mabee Center မှာ ဇူလိုင်(၇)ရက်ကနေ (၉)ရက်အထိ ကျင်းပမယ်။

ယင်းပွဲတော်သို့ ZCDပါတီမှ အမျိုးသားလွတ်တော်ကိုယ်စားလှယ် Pu Gin Kam Lian, Pi Cing Ngaih mang, ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ Pu Suan Do Cin, Pu Thang Deih Khup နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ Pu Kham Khan Thang တို့ဟာ ဇူလိုင်လ (၃)ရက်မှာ ချီကာကိုမြို့ကို ရောက်ရှိကြပါတယ်။

ဒါပြင် အနုပညာသည်များဖြစ်ကြတဲ့ အရင် Lazy Club မှာ Bass တီးခတ်သူ Cinpi, Big Bag အဖွဲ့က ဒရမ်သမား Mung Boih နဲ့အဆိုတော် ထွဏ်းခမ်းတို့လည်းသွားရောက်ကြပါတယ်။ ဒီပွဲတော်မှာ စုစုပေါင်း လူ ငါးထောင်လောက်လာဖို့ စီစဉ်ထားပါတယ်။

“လွှတ်တော်အမတ်တွေကတော့ ပွဲပြီးပြီးချင်း ပြန်လာမယ်။ ဒါပေမယ့် အနုပညာသမားတွေကတော့ နှစ်လကြာပွဲရှိတော့ ဒီမှာ နည်းနည်းကြာအုံးမယ်”လို့ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ Pu Pu Thang ကဆိုပါတယ်။

Zalen ad

ဇိုမီးအမျိုးသားပွဲတော်ကို ၂၀၁၀ ခုနှစ်ကနေ စတင်ကျင်းပတာဖြစ်ပြီး ဒီပွဲမှာ ပြိုင်ပွဲအမျိုးမျိုးနဲ့ ပြည်တွင်းပြည်ပရောက် ဇိုမီးအမျိုးသားရေးရာတွေလည်းဆွေးနွေးလေ့ရှိပါတယ်။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်