ဇူလိုင်လတစ်လလုံး မုတ်သုန်မိုးအားကောင်းနိုင်ပြီး ရေကြီးမြေပြိုသတိထားရလိုအပ်

၂၇ ၊ဇွန် ၊၂၀၂၄

Zalen

ဂြိုလ်တုကနေတိုင်းတာချက်တွေအရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဒီပတ်ကစပြီး ဇူလိုင်လအထိ မုတ်သုန်မိုးအားကောင်းနိုင်တယ်လို့ ၈၅ ရာခိုင်နှုန်းသုံးသပ်နိုင်တယ်လို့ မိုးဇလ ဘလော့ဂါ ဦးဌေးတင့်က ဇွန်လ ၂၅ ရက်ကဆိုပါတယ်။

လာမည့် ၂၈ ရက်(သောကြာ)နေ့မှာတော့ အိန္ဒိယနိုင်ငံကိုဖြတ်ဝင်လာတဲ့ရေငွေ့နဲ့တောင်ဘက်ကနေတက်သွားတဲ့ရေငွေ့ကြောင့်ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းအထက်ပိုင်းမိုးသည်းထန်စွာရွာသွန်းနိုင်ပြီးရခိုင်ပြည်နယ်ကမ်းရိုးတမ်းဒေသမှာလည်း မိုးသည်းထန်နိုင်တဲ့အနေအထားတွေတွေ့နိုင်သလိုကယားပြည်နယ်မှာလည်းမိုးတွေဆက်လက် ရွာ သွန်းနိုင်တယ်လို့သိရပါတယ်။

နောက်ထပ် ဇွန်လ ၂၉ ရက်(စနေ)နေ့မှာတော့ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ရုတ်တရက် မိုးကြီးပြီးအဆက်မပြတ်မိုးရွာသွန်းနိုင်သလို ရခိုင်ပြည်နယ်ဖက်မှာလည်း အထူးဂရုပြုသတိထားဖို့လိုအပ်နေတယ်လို့သိရပါတယ်။

ဆက်လက်ပြီး ဇွန်လ ၃၀(တနင်္ဂနွေ)နေ့မှာတော့ ချင်းပြည်နယ်တောင်ဘက်ခြမ်း၊ရခိုင်ပြည်နယ်တစ်ခုလုံး၊ကချင်ပြည်နယ်အောက်ပိုင်း၊စစ်ကိုင်းတိုင်း ဒေသတွေမှာနေရာကွက်ကြားမိုးကြီးနိုင်ပြီးနမ္မတူ၊ရွှေဘို၊မြစ်ကြီးနားကြားဒေသတွေမှာ မိုးရေချိန်ခန့်မှန်းခြေ ၁၄ လက်မ အထိရွာသွန်းနိုင်သလို တောင်ပြိုတဲ့အန္တရာယ်တွေပါဖြစ်ပေါ်လာနိုင်တာကြောင့် အထူးသတိထားဖို့လိုအပ်နေတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်အထက်ဘက် ကျောက်ဖြူ၊စစ်တွေ အထက်နဲ့ ချင်းပြည်နယ် တစ်ခုလုံး ခန့်မှန်းမိုးရေချိန် ၇ လက်မအထိရွာသွန်းနိုင်ပြီး ပဲခူးတိုင်း၊ကယားပြည်နယ် မှာလည်းမိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့သိရပါတယ်။

ဇူလိုင်လ ၁ ရက်(တနင်္လာ) နေ့မှာတော့ရခိုင်ပြည်နယ် ကျောက်ဖြူ၊မကွေးတိုင်း ပခုက္ကူ၊ချင်းပြည်နယ်၊ရခိုင်မြောက်ဘက်ဒေသကြီး တစ်ခုလုံး မိုးရေချိန် ၈ လက်မလောက်အထိရွာသွန်းနိုင်ခြေရှိပြီး ရှမ်းပြည်နယ် မြောက်ဘက်ခြမ်း၊မန္တလေးတိုင်းအရှေ့ဘက်ခြမ်းတောင်တန်း တစ်ခုလုံးမိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့သိရပါတယ်။

လယ်မည့် ဇူလိုင် ၂ ရက် (အင်္ဂါ)နေ့ အထိ ရနိုင် သည့် မိုးရေချိန် ခန့်မှန်းချက်အရ ကချင်ပြည်နယ်တွင် မိုးရွာသွန်းမှု ပိုမိုပြင်း ထန်နိုင်ပြီး မြန်မာနိုင်ငံပြည်နယ်နှင့်တိုင်း အနှံအပြား မိုးရေချိန် ၆ လက်မနီးပါး အထိ ရွာသွန်းနိုင်ပြီး မြစ်ရေတိုင်းတာသူတွေရဲ ထွက်ဆိုချက်အရ တစ်နေ့ကို တစ်ပေနှုန်း တိုးလာနိုင်ပေမယ့် လာမည့်အပတ်ထဲမှာတော့ မြစ်ရေစိုးရိမ်အမှတ်မရောက်နိုင်ပေမဲ့စိုးရိမ်အမှတ်နီးပါးကိုရောက်သွားနိုင်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အနည်းငယ်က တရုတ်နိုင်ငံမှာ မိုးကြီးရေလျှံ မှုကြောင့် ၁၀ ဉီး ထက်မနည်း သေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

ကန်ပက်လက်မြို့နယ်မှာ လူ ၁၅၀ ကျော် ရာသီတုပ်ကွေးဖြစ်

ဇွန်လ ၂၉ ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတွေမှာ ရာသီတုပ်ကွေးဖြစ်လို့ လူ ၁၅၀ ကျော် ဖျားနာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ကျေးရွာတွေဟာ မကြားကျေးရွာ၊ ခေးလောင်းကျေးရွာ၊ မရွှီကျေးရွာနဲ့ ...

ဆက်ဖတ်ရန်