တစ်နိုင်ငံလုံးမှာ ချင်းပြည်နယ် အောင်ချက်အနည်းဆုံး

ဒီနှစ် မြန်မာတစ်နိုင်ငံလုံး (၁၀)တန်းအောင်ချက်တွင် ချင်းပြည်နယ်မှ (၁၆ ဒသမ ၆၄)ရာခိုင်နှုန်းသာအောင်မြင်တာကြောင့် အောင်ချက်အနည်းဆုံးဖြစ်နေပါတယ်။

ဖြေဆိုသူ (၁၀၁၆၈)ရှိတဲ့အနက် (၁၆၉၂)သာအောင်မြင်ခဲ့ပါတယ်။

ဒုတိယအနည်းဆုံးကတော့ ရခိုင်ပြည်နယ်ဖြစ်ပြီး (၂၁ ဒသမ၄၅)ရာခိုင်နှုန်းအောင်မြင်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးမှာ အောင်ချက်အများဆုံးကတော့ မန္တလေးတိုင်းဖြစ်ပြီး (၃၈ ဒသမ ၁၇)ရာခိုင်နှုန်းအောင်မြင်ပါတယ်။

ဒီနှစ်မြန်မာတစ်နိုင်ငံလုံး အောင်ချက်ကတော့ (၃၂ ဒသမ ၈၂)ရာခိုင်နှုန်းဖြစ်ပြီး အရင်နှစ် အောင်ချက်ရာခိုင်နှုန်းကတော့ (၃၃ ဒသမ ၈၉)ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်