တစ်နှစ်တွင်း မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်း သတင်းသမား ၁၂၄ ဦးထက်မနည်း သတ်ဖြတ်ခံရ

ဖေဖော်ဝါရီလ ၁၃ရက်၊ ၂၀၂၅

Zalen

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်း သတင်းသမား ၁၂၄ ဦးထက်မနည်း အသတ်ခံရတယ်လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း သတင်းသမားတွေ အသတ်ခံရတာ အဆိုးရွားဆုံး စံချိန်တင်ခဲ့တဲ့နှစ်တစ်နှစ်ဖြစ်တယ်လို့ (CPJ) က ဆိုထားပါတယ်။

မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံက သတင်းသမား ၁၂၄ ဦးထက်မနည်း အသတ်ခံခဲ့ရတာဖြစ်ပြီး ၇၀ ရာခိုင်နှုန်းဟာ အစ္စရေး – ဂါဇာ စစ်ပွဲအတွင်း အသတ်ခံရတာဖြစ်ပါတယ်။

အစ္စရေး – ဂါဇာ စစ်ပွဲကြောင့် သတင်းသမားသေဆုံးတဲ့ အရေအတွက်ဟာ ၂၀၂၃ ခုနှစ်ထက် ၂၂ ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ သိရပါတယ်။

အစ္စရေး – ဂါဇာ စစ်ပွဲမှာ သတင်းထောက် ၈၅ ဦး သေဆုံးခဲ့ပြီး အစ္စရေးစစ်တပ်က သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ သတ်ဖြတ်ခံရတဲ့ သတင်းသမား ၈၂ ဦးနဲ့ ပါလက်စတိုင်း သတင်းသမားတွေ အများဆုံးဖြစ်ပါတယ်။

ကျန်တဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံက ဆူဒန် ၆ ဦး၊ ပါကစ္စတန် ၆ ဦး၊ မက္ကဆီကို ၅ ဦး၊ ဆီးရီးယား ၄ ဦး၊ မြန်မာ ၃ ဦး၊ အီရတ် ၃ ဦး နဲ့ ဟေတီ ၂ ဦးတို့ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က ကိုဖိုးသီဟ၊ မွန်ပြည်နယ်က ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့ သတင်းသမားသုံးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းဒေသဟာ သတင်းသမား နဲ့ မီဒီယာလုပ်သား အသေအပျောက် အများဆုံး ဒေသအဖြစ် ဆက်လက်တည်ရှိနေပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ၂၀၂၁ ခုနှစ်ကတည်းက သတင်းသမားတွေ သေဆုံးရမှု မရှိခဲ့ပေမဲ့ နိုင်ငံအတွင်း နိုင်ငံရေးမငြိမ်မသက်မှုတွေ ကြီးထွားလာတာကြောင့် သတင်းသမားတွေဟာ သတ်ဖြတ်ခံရမှု တိုးမြင့်လာခဲ့ရတာဖြစ်ပါတယ်။

မက္ကဆီနိုင်ငံဟာ သတင်းသမား ၅ ဦး သတ်ဖြတ်ခံခဲ့ရပြီး သတင်းသမားတွေအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲက တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

ဆီးရီးယားနိုင်ငံဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က အာဆတ်ကို ဖြုတ်ချခဲ့ပြီးနောက် သတင်းသမား ၄ ဦး သတ်ဖြတ်ခံခဲ့ရတာကြောင့် နိုင်ငံတွင်း သတင်းသမားတွေ သတ်ဖြတ်ခံရမှု ပြန်လည် ဖြစ်ပွားလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး သတင်းသမား စုစုပေါင်း ၁၂၄ ဦး သေဆုံးခဲ့မှုဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် အီရတ်စစ်ပွဲအတွင်း သေဆုံးသူ သတင်းသမား ၁၁၃ ဦးရဲ့ စံချိန်ကို ကျော်လွန်သွားခဲ့ပါတယ်။

သတင်း – ဆလိုင်း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက မတူပီမြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲ

အောက်တိုဘာ ၁၀၊၂၀၂၅ Zalen ချင်းပြည်နယ် ၊ မတူပီမြို့ ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၁၀ ရက် ၊ ည ၈ နာရီ၀န်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ ...

ဆက်ဖတ်ရန်