တစ်နှစ်အတွင်း စစ်တပ်နှင့်အပေါင်းပါများက အမျိုးသမီး ၃၇ ဦးကို မုဒိန်းမှုကျူးလွန်

နိုင်ငံတော်အာဏာကို မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း စစ်တပ်နဲ့အပေါင်းပါများက အမျိုးသမီး ၃၇ ဦး မုဒိန်းပြုကျင့်ခဲ့ပြီလို့ Burma Human Right Network ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင် (၁)ရက်နေ့မှ ၂၀၂၂ခုနှစ် ဇူလိုင်လ (၃၁) နေ့အထိ စစ်ကောင်စီနဲ့အပေါင်းပါတွေက မုဒိန်းမှုကျူးလွန်မှုအများဆုံးနေရာမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး တစ်နှစ်အတွင်း အမျိုးသမီး ၂၃ ဦး၊ ဒုတိယအများဆုံးမှာ မန္တလေးတိုင်းတွင် ၅ ဦးကို မုဒိန်းမှုကျူးလွန်ကြပါတယ်။

လအလိုက်နဲ့ဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ အဓမ္မပြုကျင့်ခံရသူ ၈ ဦးရှိပြီး အဲ့ဒါဟာ တစ်နှစ်လုံးမှာ တစ်လအတွင်းအဓမ္မပြုကျင့်မှုအများဆုံးအရေအတွက်ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ သတင်းမီဒီယာနဲ့ ၎င်းတို့အဖွဲ့ကွန်ရက်က လက်လှမ်းမီသမျှစာရင်းပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ယင်းအရေအတွက်ထက်ပိုများနိုင်တယ်လို့ Burma Human Right Network က ရေးသားဖော်ပြထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာသဖြင့် ပြည်သူတွေ လေကြောင်းအန္တရာယ် အထူးသတိပြုရန် လိုအပ်

မတ် ၂၅၊ ၂၀၂၆ Zalen ယောဒေသအတွင်းမှာ စစ်ကောင်စီရဲ့  လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြင်းထန်လာသဖြင့် ပြည်သူတွေ လေကြောင်းအန္တရာယ် အထူးသတိပြုရန် လိုအပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ယောကာကွယ်ရေးတပ်(YDF) ရဲ့ တပ်စခန်းတွေနဲ့ အရပ်သားတွေ ...

ဆက်ဖတ်ရန်