တတိယအကြိမ်မြောက် ရခိုင်ပြည်နယ်ရှိ ချင်းတက္ကသိုလ် ကျောင်းသူ၊သားများတွေ့ဆုံပွဲကျင်းပမယ်

တတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ချင်းတက္ကသိုလ် ကျောင်းသူ၊သားများ တွေ့ဆုံပွဲနဲ့ ဆုပေးပွဲကို ဒီဇင်ဘာ (၈)ရက်မှ (၉)ရက်နေ့အထိ ရခိုင်ပြည်နယ် မြေပုံမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

တတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ချင်းတက္ကသိုလ် ကျောင်းသူ၊သားများ တွေ့ဆုံပွဲနဲ့ ဆုပေးပွဲတွက်ပြင်ဆင်နေကြစဉ်

ယင်းအဖွဲ့ရဲ့ ဒုဥက္ကဌ ဆလိုင်းနေဇော်လင်းက “ပွဲမှာတော့ ရိုးရာအကတွေဖျော်ဖြေမယ်။ ညနေပိုင်းကျရင် အဖွဲ့ရဲ့မူဘောင်တွေဆွေးနွေးမယ်။ တခြားချင်းကျောင်းသားအဖွဲ့တွေနဲ့ဘယ်လိုချိတ်ဆက်ဆောင်ရွက်မလဲဆိုတဲ့အပိုင်းတွေဆွေးနွေးမယ်။ ဒီပွဲကျင်းပရတဲ့ရည်ရွယ်ချင်းကတော့ ရခိုင်ပြည်နယ်ထဲက ချင်းတက္ကသိုလ်ကျောင်းသားတွေအချင်းချင်းခင်မင်ရင်းနှီးအောင်၊ ပညာရေးကဏ္ဍပိုမိုအားပေးဖို့ဖြစ်တယ်”လို့ပြောပါတယ်။

Zalen ad

ရခိုင်ပြည်နယ်ထဲမှာ ချင်းတက္ကသိုလ်ကျောင်းသူ၊ကျောင်းသား စုစုပေါင်း (၂၅၀)ခန့်ရှိပြီး day တက်တဲ့ ချင်းတက္ကသိုလ်ကျောင်းသူ၊သားဟာ စုစုပေါင်း (၃၀)လောက်ပဲရှိပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ် တစီးကို ဓာတ်ဆီ တသောင်းဖိုးသာ ရောင်းချ

မတ် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဓာတ်ဆီ ဈေးတွေတက်လာပြီး စက်သုံးဆီ‌ဆိုင်တွေမှာ အကန့်သတ်နဲ့သာ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၈ထောင်ကျော်အထိ ဈေးတက်နေပြီး ဆိုင်ကယ်တွေကို တစီးကို တသောင်းဖိုးပဲ ...

ဆက်ဖတ်ရန်