တတိယအကြိမ်မြောက် ရခိုင်ပြည်နယ်ရှိ ချင်းတက္ကသိုလ် ကျောင်းသူ၊သားများတွေ့ဆုံပွဲကျင်းပမယ်

တတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ချင်းတက္ကသိုလ် ကျောင်းသူ၊သားများ တွေ့ဆုံပွဲနဲ့ ဆုပေးပွဲကို ဒီဇင်ဘာ (၈)ရက်မှ (၉)ရက်နေ့အထိ ရခိုင်ပြည်နယ် မြေပုံမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

တတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ချင်းတက္ကသိုလ် ကျောင်းသူ၊သားများ တွေ့ဆုံပွဲနဲ့ ဆုပေးပွဲတွက်ပြင်ဆင်နေကြစဉ်

ယင်းအဖွဲ့ရဲ့ ဒုဥက္ကဌ ဆလိုင်းနေဇော်လင်းက “ပွဲမှာတော့ ရိုးရာအကတွေဖျော်ဖြေမယ်။ ညနေပိုင်းကျရင် အဖွဲ့ရဲ့မူဘောင်တွေဆွေးနွေးမယ်။ တခြားချင်းကျောင်းသားအဖွဲ့တွေနဲ့ဘယ်လိုချိတ်ဆက်ဆောင်ရွက်မလဲဆိုတဲ့အပိုင်းတွေဆွေးနွေးမယ်။ ဒီပွဲကျင်းပရတဲ့ရည်ရွယ်ချင်းကတော့ ရခိုင်ပြည်နယ်ထဲက ချင်းတက္ကသိုလ်ကျောင်းသားတွေအချင်းချင်းခင်မင်ရင်းနှီးအောင်၊ ပညာရေးကဏ္ဍပိုမိုအားပေးဖို့ဖြစ်တယ်”လို့ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ချင်းတက္ကသိုလ်ကျောင်းသူ၊ကျောင်းသား စုစုပေါင်း (၂၅၀)ခန့်ရှိပြီး day တက်တဲ့ ချင်းတက္ကသိုလ်ကျောင်းသူ၊သားဟာ စုစုပေါင်း (၃၀)လောက်ပဲရှိပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်