တမူးနယ်မှာ နေရပ်စွန့်ခွာသွားတဲ့ ကျေးရွာတစ်ရွာက မျောက်ငိုသီးများကို ပျူစောထီးများရောင်းစား

ဖေဖော်ဝါရီ  ၂၃၊  ၂၀၂၆

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ နေရပ်စွန့်ခွာသွားတဲ့ ကျေးရွာတစ်ရွာက ပြည်သူပိုင်မျောက်ငိုသီးများကို ပျူစောထီးများ ရောင်းစားထားတယ်လို့ ဒေသခံများထံက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တမူးမြို့နယ်၊ ကွန်းတောင်းအုပ်စု၊ ကွန်းတောင်းရွာသစ်(Twi Somjang ) ကျေးရွာရှိ ရွာသားတွေပိုင်ဆိုင်တဲ့ မျောက်ငိုသီးများကို တမူး မြို့မ(၁၄) ရပ်ကွက်က ပျူစောထီးများက အခုလိုအပင်ပြတ်ရောင်းစားခဲ့ကြတာဖြစ်ပါတယ်။

Zalen ad

” ဒီနှစ်က မျောက်ငိုသီးတွေတော်တော်သီးတယ်။ ကျွန်တော်တို့မျောက်ငိုပင်တွေ တမူး မြို့မ (၁၄ ) ရပ်ကွက်က ပျူခေါင်းဆောင် သန်းနိုင်ကိုယ်တိုင်ရောင်းစားတာ။ ဘယ်သူမှလည်း မကောက်ရဲကြတော့ဘူးဗျ။ ဝယ်တဲ့သူက တမူး မြို့မ(၁၃)နန်းဖာလုန်ရပ်ကွက်က ငါးထိုးတဲ့ တံငါးသည်လို့သိရတယ်ဗျ။ ပျူတွေက ရွာကအိမ်တွေဖျက်ယူရောင်းစားတာတောင် အားမရသေးဘူး အခု ကျွန်တော်လို့မျောက်ငိုသီးတွေပါ ရောင်းစားပြန်ပြီ” လို့ ဒေသခံ ရွာသားတစ်ဦးက Zalen ကိုပြောပါတယ်။

အခုလို ကွန်းတောင်းရွာသစ်(Twisomjang) ကျေးရွာရှိ ဒေသခံရွာသားများပိုင်ဆိုင်တဲ့ မျောက်ငိုသီးပင်များကို တမူးမြို့မ(၁၄) ချောင်းနက်ကြီး(Vaipa bung) ရပ်ကွက်မှာ ခြေချထားတဲ့ ပျူစောထီးတာဝန်ခံ သန်းနိုင်အဖွဲ့က နန်းဖာလုန်ရပ်ကွက် နေ တံငါးသည်တစ်ဦးထံ တစ်ရွာလုံးက မျောက်ငိုပင်များကို မြန်မာငွေ ၂သိန်းခွဲနဲ့ ရောင်းစားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်မတ်လ၂၆ ရက်နေ့ကလည်း ကွန်းတောင်းရွာသစ်ကျေးရွာရှိ လူနေအိမ်အချို့ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြသလို ပြီးခဲ့၂၀၂၅ ခုနှစ်ကလည်း ကျန်ရှိတဲ့ လူနေအိမ်အချို့နဲ့ စာသင်ကျောင်းနှစ်ဆောင်ကို တမူး မြို့မ(၁၄) ရပ်ကွက် ပျူစောထီးများက ခိုးယူဖျက်ဆီး ရောင်းစားခဲ့ကြတာဖြစ်ပါတယ်။

ကွန်းတောင်းကျေးရွာ(သစ်)ဟာ တမူးမြို့ကနေ ၆မိုင်ခွဲခန့်သာ ကွာဝေးနေတာပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသမှာ စစ်ဘေး၊ စစ်‌ဒါဏ်ကြောင့် ကျေးရွာနေ‌ဒေသခံပြည်သူများဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

သတင်း – စနေသား

ဓာတ်ပုံ – ကွန်းတောင်းရွာသစ် ဆိုင်းဘုတ်အား တွေ့ရစဉ်။

ဓာတ်ပုံ – ဒေသခံရွာသားတစ်ဦးပေးပို့

နောက်ဆုံးရသတင်းများ

မလေးရှားမှာ မြန်မာ ၂၅ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၇ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ Zalen မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်မှာ မြန်မာနိုင်ငံသား ၂၅ ဦး အပါဝင် တရားမဝင် ဝင်ရောက်လာတဲ့နိုင်ငံခြားသား ၂၇ ဦးကို လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားတယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ...

ဆက်ဖတ်ရန်