တမူးမြို့တွင်းပစ်ခတ်မှုတချို့ဖြစ်ပွားပြီး ဦးဇင်းတစ်ပါးနှင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် ယနေ့အောက်တိုဘာ ၃၀ ရက် ညနေ ၃ နာရီကစပြီးတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အောင်တော်မူကျောင်းမှ ဦးဇင်းတစ်ပါးနဲ့ ဈေးတန်း (၁၁) ရပ်ကွက်က အမျိုးသားတစ်ဦး ကျည်ထိဒဏ်ရာရရှိကြတယ်လို့သတင်းရရှိပါတယ်။

ဦးဇင်းလက်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားအမျိုးသားတစ်ဦးမှာ ကျည်နှစ်ချက် ထိမှန်ခဲ့ရာ စိုးရိမ်ရတဲ့အတွက် တမူးပြည်သူ့ဆေးရုံမှ ကလေးမြို့ဆေးရုံသို့အရေးပေါ် ပို့ဆောင်ပေးခဲ့ကြရကြောင်း သိရှိရတယ်။

312887061_536821048454249_7852620158996859216_n

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီကြားပစ်ခတ်ကြတာဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်၊ RPGများနဲ့ ရပ်ကွက်အတွင်း မဲမဲမြင်ရာပစ်ခတ်ကြကြောင်းလည်းသိရတယ်။

Zalen ad

ဒါပြင် စစ်ကောင်စီတပ်သားတွေက အောင်တော်မူဘုန်းကြီးကျောင်းအနီးရှိ ဘောလုံးကစားနေကြသည့် လူငယ်အချို့ကိုလဲ ဖမ်းဆီးထားပြီး ဒူးထောက်ခိုင်းပြီး ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်