တမူးမြို့နယ်ပွတ်သာ ကျေးရွာမှာ စစ်ကောင်စီက လေကြောင်း တိုက်က်ခိုက်မှုပြုလုပ်

၄၊ ဇွန် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပွတ်သာကျေးရွာကို ယနေ့ ဇွန်လ ၄ ရက်နေ့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်တယ်လို့ သိရပါတယ်။

ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှာ စစ်ကောင်စီရဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပွတ်သာ ကျေးရွာ ‌လူမနေတော့တဲ့ ရွာဟောင်း ဖက်ကို ဗုံးသီး ‌၄ လုံးကျဲချခဲ့ပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက် အပျက်အစီး မရှိဘူးလို့ ဒေသခံများကပြောပါတယ်။

Zalen ad

” လေယာဉ် ဗုံးလာကြဲတာဟုတ်ပါတယ်။ ၄ လုံးချသွားတာ။ စက်သေနတ်နဲ့လည်းပစ်တယ်။ အထိခိုက် အပျက်အစီးမရှိပါဘူး။ ဗုံးသုံးလုံးက တောထဲကျတယ်။ တစ်လုံးက ရွားနားမှာကျတယ်။ ရွာက ရွာဟောင်းဆိုတော့ လူမနေကြတော့ပါဘူး “လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

ပွတ်သာကျေးရွာဟာ ၂၀၁၅ ခန့်က ရေကြီးရေလျံမှု ကြောင့် ကျေးရွာကို ရေနစ်မြုတ်ခဲ့ကာ ရှူးချောင်း အနောက်ကမ်းကို ရွေ့ပြောင်းခဲ့ကြပြီး အ‌ေရှ့ကမ်း ရွာဟောင်းမှာ လူသူ မနေတော့တာကြာမြင့်ပြီး ယခုအခါစစ်ကောင်စီကနေ ရဟတ်ယာဥ်ကွင်း ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၁၆ ဦး အစုလိုက်အပြုံလိုက်သေဆုံး

မတ် ၁၁၊ ၂၀၂၆ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ...

ဆက်ဖတ်ရန်