တမူးမှာ ခြိမ်းခြောက်မှုကြောင့် မဲပေးသူအသင့်တင့်ရှိ

ဒီဇင်ဘာ  ၂၈၊  ၂၀၂၅

 Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ခြိမ်းခြောက်မှုတွေကြောင့် ဆန္ဒမဲပေးသူ အသင့်တင့်ရှိတယ်လို့ ဒေသခံများထံမှသိရပါတယ်။

ယနေ့ ဒီဇင်ဘာလ ၂၈ရက်နေ့မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများရဲ့ ခြိမ်းခြောက်ဖိအားပေးမှုကြောင့် ဆန္ဒမဲပေးသူ အသင့်တင့်ရှိနေတာလို့ဆိုပါတယ်။

Zalen ad

” တကယ်တမ်းက မိမိဆန္ဒဆိုရင် ဆန္ဒမဲပေးတဲ့သူ တော်တော်နည်းမှာ။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မဲမပေးရင် ထောင်ချမယ်၊ ဘာလုပ်မယ် ဆိုပြီးခြိမ်းခြောက် အကြပ်ကိုင်တော့ မဲပေးတဲ့နေ့မှာ လူတိုင်းကကြောက်နေကြပြီလေးဗျ။ အဲဒါကြောင့်သွားထည့်ကြတယ်။ တစ်မြို့လုံး ဈေးဆိုင်တွေလည်းအားလုံးပိတ်ခိုင်ထားတယ် မဲလာမထည့်မှာဆိုးလို့နေမယ်။ မထည့်တဲ့လူတွေလည်း ရှိကြပါတယ်” လို့ မြို့ခံတစ်ဦးက Zalen ကိုပြောပါတယ်။

ဒီကနေ့ရွေးကောက်ပွဲမှာ မဲရုံတိုင်းမှာလုံခြုံရေးတင်းကြပ်ထားပြီး ဘောပင်မယူဆောင်ရန်၊ ပိုက်ဆံအိတ်မယူဆောင်ရန်နဲ့ ဖုန်းကိုင်ဆောင်ခွင့်တွေကိုပါ ပိတ်ပင်ထားတဲ့ ဆိုင်းဘုတ် ကပ်ထားကြတယ်လို့သိရပါတယ်။

” မဲရုံမှာက စည်းကမ်းချက်တွေကပ်ထားကြတယ်။ ဘောပင်မယူဆောင်ရ၊ ပိုက်ဆံအိပ်မယူဆောင်ရ၊ ဖုန်းမကိုင်ဆောင်ရပေါ့ဗျား။ မဲရုံမှူးတွေလည်းကြောက်နေကြတယ်။ တရားစာတွေရွတ်နေကြတယ်။ လုံခြံရေးအဖွဲ့ကလည်း အပေါ်ဘဲမော့ ကြည့်နေကြတယ် ဒရုန်းချမှာကြောက်နေပုံဘဲဗျ။ မဲလာထည့်တဲ့သူက အသင့်တင့်ပါဘဲ။ ကျွန်တော်လည်းကြောက်ရတာပေါ့ဗျာ” လို့ ဒီနေ့ ကိုယ်တိုင် ဆန္ဒမဲသွားပေးခဲ့တဲ့ တမူးမြို့ခံတစ်ဦးက Zalen ကိုပြောပါတယ်။

အခုလိုစစ်ကောင်စီက ရွေးကောက်ပွဲဖြစ်မြောက်အောင်လုပ်နေကြပေမယ့် ၎င်းတို့ရဲ့ လက်အောက်ခံမဲရုံမှူးများနဲ့ လုံခြုံရေးတပ်တွေလည်း စိုးရိမ်တကြီး တာဝန်နေရတာဖြစ်ပါတယ်။

တမူးမြို့မှာ ၂၀၂၅ခုနှစ် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံဖြိုးရေးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မဲရလဒ်ကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါ။

သတင်း – စနေသား

ပုံစာ – မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးဖို့ရောက်ရှိနေတဲ့မဲဆန္ဒရှင်ပြည်သူများအားတွေ့ရစဉ်။

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

ချင်းအမျိုးသားပဋိညာဉ်ကို အတည်ပြုပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဖွဲ့စည်း

ဇန်နဝါရီ ၉၊ ၂၀၂၆ Zalen ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ပထမအကြိမ် ညီလာခံကို ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ချင်းအမျိုးသားပဋိညာဉ်ကို ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့တယ်လို့ ဇန်နဝါရီ ၉ ရက်နေ့မှာ ...

ဆက်ဖတ်ရန်