တမူးမှာ တရက်ထဲဗုံး ၅ကြိမ်ပေါက်ကွဲမှုဖြစ်ပွား

ဇန်နဝါရီ ၂၃၊ ၂၀၂၆။

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ တနေ့ထဲ ဗုံး ၅ ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။

ယမန်နေ့‌ ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က တမူးမြို့ ရဲ့နေရာ ၅ နေရာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Zalen ad

” ဗုံးကွဲတာက နေရာ ၅ နေရာပါ။ ပျူတွေအစည်းဝေးလုပ်နေတဲ့ ဂေါက်ကွင်း၊ ရေပေါ်စားသောက်ဆိုင်၊ ရေးတွင်းကြီး ပျူဂိတ်၊ တောင်းပိုင်း၊ စောဘွာ ၇ ရပ်ကွက်နားမှာပေါက်ကွဲတာပါ။ လူထိတယ်လို့တော့ကြားတယ်။ အ‌သိကျတော့ သိဖို့ခက်တယ်။ ဘယ်အဖွဲ့လက်ချက်တော့မသိရဘူးဗျ” လို့ တမူးမြို့ခံတဦးက Zalen သတင်းဌာနကိုပြောပါတယ်။

အခုလိုဗုံးပေါက်ကွဲမှုတွင် တမူးမြို့ဂေါက်ကွင်းမှာ ပျူစောထီးတွေအစည်းဝေးလုပ်နေချိန်ပေါက်ကွဲခဲ့သလို တမူးဟဲဇင်းလမ်း ပျူစောထီးဂိတ်မှာလည်း ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တမူးရေပေါ်စားသောက်ဆိုင်ပေါက်ကွဲမှုမှာ မီးလောင်မှုတခုလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အခုလို နေရာစုံ ဗုံးပေါက်ကွဲမှုကြောင့် လူအထိအခိုက်ရှိနေတယ်လို့ သတင်းထွက်နေပေမယ့် Zalen သတင်းဌာန အနေနဲ့သီးခြားအတည်ပြုလို့ မရနိုင်သေးပါ။

ယင်းဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာ အသိအကျမသိနိုင်သေးဘူးလို့ ဒေသခံများက ပြောပါတယ်။

တမူးမြို့မှာ နိုဝင်ဘာလ ၂၇ ရက်နေ့က စပြီး ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမရှိသလို တော်လှန်ရေးအင်အားစုဘက်ကလည်း ထုတ်ပြန်ထားတာ မရှိသေးပါ။

သတင်း – စနေသား

ဓာတ်ပုံ-လူမှုကွန်ယက်

#တမူး#ပေါက်ကွဲမှု#Zalen

နောက်ဆုံးရသတင်းများ

ဦးခင်ရီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီး ဦးမောင်မောင်အုန်း ဒုဥက္ကဋ္ဌဖြစ်လာ

မတ် ၁၆၊ ၂၀၂၆Zalen အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် မနက်ပိုင်းမှာ နေပြည်တော်လွှတ်တော်အဆောက်အအုံမှာ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးကို စတင်ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီ (USDP) ...

ဆက်ဖတ်ရန်