ဇွန်လ ၂၁ရက်၊ ၂၀၂၅
Zalen
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ပျူစော်ထီး နှစ်ဦးဟာ သေနတ်မတော်တဆမှု ဖြစ်လို့ အပြင်းအထန် ဒါဏ်ရာ ရရှိခဲ့တယ်လို့ ဒေသသတင်း အရင်းအမြစ်များဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ခန့်က တမူးမြို့စော်ဘွားရပ်ကွက် မှာ ပျူစော်ထီး နှစ်ဦးက ထောင်ထားတဲ့ သေနတ် လဲမှာစိုးတာကြောင့် လှမ်းဆွဲရာ မတောတဆ ကျည်ထွက်သွားခဲ့တာဖြစ်ပါတယ်။
အခုလို မတော်တဆ ကျည်ထွက်တာကြောင့် ပျူစော်ထီးတစ်ဦးမှာ ယောက်ျားအောက်ပိုင်း အင်္ဂါထိမှန်ပြီး ကျန်တစ်ဦးမှာ ရင်ဝထိမှန်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ပျူစော်ထီး ၂ဦးကို တမူးမြို့ ပုဂ္ဂလိက ဂရေ့စ် ဆေးရုံမှာ ဆေးဝါးကုသခဲ့ပြီး ပျူတစ်ဦးမှာ အမျိုးသားအင်္ဂါဥတစ်လုံး ဖြုတ်လိုက်ရပေမယ့် နှစ်ဦးလုံးပြင်းထန် ဒါဏ်ရာဖြစ်တာကြောင့် ကလေးမြို့ကိုလွဲပြောင်ပေးထားပြီး လေယာဉ်နဲ့ လာကြိုမှာကို စောင့်ဆိုင်းနေကြရတယ်လို့ သတင်းအရင်းအမြစ်များကဆိုပါတယ်။
“ပြီးခဲ့တဲ့ ၁၈ရက်နေ့ကထင်တယ်။ ပျူ ၂ယောက် သေနတ်ကျည်ထွက်သွားလို့ထိတာ။ တစ်ယောက်က ဂွေးရှပ်သွားတာ။ နောက်တစ်ယောက်က ရင်ဝထိတာ။ ဂွေးမှန်တဲ့အကောင်က ဖြုတ်ခံရပြီ။ ဂရေ့စ်လဲ ဆေးရုံကဒေါက်တာလည်းမကယ်နိုင်ဘူး။ လေယာဥ်အလာကိုဘဲ စောင့်နေကြတာ” လို့ သတင်းအရင်းအမြစ်တစ်ဦးက Zalen ကိုပြောပါတယ်။
အခုလို သေနတ် ကျည်မတော်တဆမှု ကြောင့် ထိခိုက် ဒါဏ်ရာရရှိခဲ့ကြတဲ့ ပျူစော်ထီး ၂ဦးဟာ အရေးပေါ်ဆေးဝါးကုသဖို့ မြေပြင်လမ်းကြောင်း တမူး-ကလေး လမ်းပိုင်းမှာ တော်လှန်ရေးအင်အားစုများ ထိန်းချူပ်ထားတာကြောင့် မြေပြင်ကားလမ်းပိုင်းကို အသုံးမပြုရဲဘဲ လေကြောင်းကို အကူအညီတောင်းနေကြရတယ်လို့ ဆိုပါတယ်။
” လေယာဉ်မလာရင် ဘောတစ်လုံးဖြုတ်ထားရတဲ့ အကောင် အရင်သေမယ်။ ပြီးရင် ရင်ဝမှန်တဲ့ကောင် နောက်က ဆက်လိုက်မှာသေချာတယ်” လို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးကလည်း ပြောပါတယ်။
တမူး မြို့မ (၁၃) နန်းဖာလုံရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ပျူစော်ထီးအချင်းချင်းလုပ်ကြံခံရလို့ ပျူစောထီးတစ်ဦး သေးဆုံးခဲ့တာဖြစ်ပါတယ်။
သတင်း – တမူးနွေဦး
ပုံစာ – တမူး မြို့တွင်းတစ်နေရာအားတွေ့ရစဉ်