တမူး-ကလေးကားလမ်း အသုံးပြုလို့ရပြီ

တမူးကနေ ကလေးမြို့ဘက်သို့သွားတဲ့ စစ်ကောင်စီယာဉ်တန်းတွေဟာ မနေ့ နိုဝင်ဘာ ၂၈ ရက်ညနေ ၅ နာရီဝန်းကျင်တွင် ကလေးမြို့ ဒကစသို့ဝင်ရောက်သွားပြီမို့ အများပြည်သူများ တမူး-ကလေးကားလမ်းပြန်သုံးလို့ရပြီလို့သတင်းရရှိပါတယ်။

ယနေ့နိုဝင်ဘာ ၂၉ ရက်တွင်လည်း ကလေးကနေ တမူးမြို့ကို အရပ်သား မော်တော်ယာဉ် ၂၀၀ လောက်ဝင်ရောက်လာပြီလို့လည်းသိရတယ်။

စစ်ကောင်စီယာဉ်တန်းဟာ နိုဝင်ဘာ ၁၄ ရက်တွင် တမူးကနေ ကလေးဘက်သို့စတင်ထွက်ခွာပြီး နိုဝင်ဘာ ၂၂ ရက်တွင် ထန်းဇင်း နဲ့ ကမ္ဘာကြားရွာကြားမှာ PDF- Tamu က ပဒေသာမိုင်းနဲ့တိုက်ခိုက်ကြပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ အိန္ဒိယနိုင်ငံကနေ လက်နက်များသယ်ဆောင်လာတာလို့သိရတယ်။ နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်မှစတင်၍ မွန်းလွဲ ၃ နာရီအချိန်ခန့်အထိ ၅၆မိုင်ကျေးရွာနှင့် မြလေးတောင်အကြားတွင် PDF(Kalay) မိုင်းတပ်ဖွဲမှ အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ၆ ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး Droneနှင့် အခြားလက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့တွင် မြလေးတောင် တောင်ခြေ၌ ညအိပ်ရပ်နားထားသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ကလေးမြိုဘက်သို ဦးတည်ထွက်ခွာလာရာ မနက် ၈နာရီ ၄၀ မိနစ် အချိန်ခန့်တွင် PDF (Kalay) တပ်ဖွဲဝင်များမှ အသင့်တပ်ဆင်ထားသော ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းမှ မော်တော်ယာဉ် ၂ စီး ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်