တရားမဝင်အကြမ်းဖက်စစ်အုပ်စုရဲ့ စီမံကိန်းကို နောက်လကစပြီးရပ်တန့်ရန်၊ မလိုက်နာတဲ့ ကုမ္ပဏီအဖွဲ့အစည်းကို အရေးယူမယ်လို့ CDF ထုတ်ပြန်

တည်ဆဲဘတ်ဂျက်ရဲ့ တင်ဒါလုပ်ငန်းကုန်ဆုံးပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ တင်ဒါလုပ်ငန်းစတဲ့ အောက်တိုဘာ (၁)ရက်စပြီး ဆက်လက်အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေကို အရေးယူမယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) က ဒီကနေ့ စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ကြေညာထားပါတယ်။

ယင်းကြေညာချက်ထဲတွင် တရားဝင် ပြည်သူ့အစိုးရတစ်ရပ်ပေါ်ပေါက်သည်အထိ လုပ်ကိုင်အကောင်အထည်ဖော်ခွင့်အားလုံး လုံးဝပိတ်ပင်တားမြစ်ကြောင်း၊ လိုက်နာခြင်းမရှိတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း နဲ့ လူပုဂ္ဂိုလ်များအား အကြမ်းဖက်အဖွဲ့နဲ့ပူးပေါင်းသူအဖြစ်သတ်မှတ်ကာ တာဝန်ရှိသူများနဲ့ ၄င်းတို့ပိုင်ဆိုင်သော ပစ္စည်းများကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းခြင်း သို့မဟုတ် တိုက်ခိုက်အရေးယူခြင်းခံရမယ်လို့ဖော်ပြထားပါတယ်။

(Zawgyi)

တရားမဝင္အၾကမ္းဖက္စစ္အုပ္စုရဲ႕ စီမံကိန္းကို ေနာက္လကစၿပီးရပ္တန္႔ရaန္၊ မလိုက္နာတဲ့ ကုမၸဏီအဖြဲ႔အစည္းကို အေရးယူမယ္လုိ႔ CDF ထုတ္ျပန္

Zalen ad

တည္ဆဲဘတ္ဂ်က္ရဲ႕ တင္ဒါလုပ္ငန္းကုန္ဆံုးၿပီး အာဏာသိမ္းစစ္ေကာင္စီရဲ႕ တင္ဒါလုပ္ငန္းစတဲ့ ေအာက္တိုဘာ (၁)ရက္စၿပီး ဆက္လက္အေကာင္အထည္ေဖာ္တဲ့ လုပ္ငန္းေတြကို အေရးယူမယ္လုိ႔ ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ (CDF) က ဒီကေန႔ စက္တင္ဘာ ၅ ရက္တြင္ထုတ္ျပန္ေၾကညာထားပါတယ္။

ယင္းေၾကညာခ်က္ထဲတြင္ တရားဝင္ ျပည္သူ႔အစိုးရတစ္ရပ္ေပၚေပါက္သည္အထိ လုပ္ကိုင္အေကာင္အထည္ေဖာ္ခြင့္အားလုံး လုံးဝပိတ္ပင္တားျမစ္ေၾကာင္း၊ လိုက္နာျခင္းမရွိတဲ့ ကုမၸဏီ၊ အဖြဲ႔အစည္း နဲ႔ လူပုဂၢိဳလ္မ်ားအား အၾကမ္းဖက္အဖြဲ႔နဲ႔ပူးေပါင္းသူအျဖစ္သတ္မွတ္ကာ တာဝန္ရွိသူမ်ားနဲ႔ ၄င္းတို႔ပိုင္ဆုိင္ေသာ ပစၥည္းမ်ားကို ျပည္သူပိုင္အျဖစ္သိမ္းဆည္းျခင္း သို႔မဟုတ္ တုိက္ခိုက္အေရးယူျခင္းခံရမယ္လို႔ေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်