တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကူမင်းမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ဆွေးနွေးမယ်

ဖေဖော်ဝါရီလ ၁၅ရက်၊ ၂၀၂၅

Zalen

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တအာင်းတပ်မတော် (PSLF/TNLA) နဲ့ စစ်ကောင်စီတပ်တို့ ကူမင်းမြို့မှာ တွေ့ဆုံမယ်လို့ PSLF/TNLA က ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ရေး ပြဿနာတွေကို ပြေလည်ဖို့အတွက် PSLF/ TNLA နဲ့ စစ်ကောင်စီတပ်တို့ မနက်ဖြန် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ကူမင်းမြို့မှာ ဆွေးနွေးမှာဖြစ်ပြီးတော့ ဆွေးနွေးဖို့ အသေးအစိတ်ကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။

အဲဒီ ဆွေးနွေးဖို့အတွက် PSLF/TNLA ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနဲ့ မဟာမိတ် ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် ကိုယ်စားလှယ် ၉ ဦးတို့ဟာ ကူမင်းမြို့ကို ရောက်ရှိနေကြပြီလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ဆွေးနွေးခဲ့တဲ့ ကစထ (၁) ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ကြမယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

PSLF/TNLA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် (၁၁) မြို့အပါအဝင် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့မြို့တွေ၊ ရွာတွေမှာ နေ့စဥ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးမူတွေရှိနေဆဲဖြစ်ပါတယ်။

လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

သတင်း – ဆလိုင်း

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်