တအာင်းတပ် (TNLA)က မိုးကုတ်၊ မိုးမိတ်မြို့ကနေ တပ်ပြန်ဆုတ်ပေး ပြီး စစ်ကောင်စီတပ် တို့နဲ့ အပစ်ရပ်သဘောတူ

အောက်တိုဘာ ၂၉၊ ၂၀၂၅

Zalen

တအာင်းတပ်(TNLA) နဲ့ စစ်ကောင်စီတပ် တို့ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ဒီနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ အပစ်ရပ်သဘောတူညီချက်ဟာ ဒီကနေ့ အောက်တိုဘာလ၂၉ ရက်နေ့မှစ၍ အသက်ဝင်ပြီဖြစ်တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Zalen ad

အောက်တိုဘာ ၂၇ ရက်၊ ၂၈ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ (၉)ကြိမ်မြောက် ဆွေးနွေးပွဲမှာ အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးတာဖြစ်ပါတယ်။

အဲဒီသဘောတူ လက်မှတ်ရေးထိုးထဲမှာ တအာင်းတပ် (TNLA) ဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ မိုးမိတ်မြို့ကနေ တပ်ပြန်ဆုတ်ပေးရမှာဖြစ်ပါတယ်။

စစ်ကောင်စီကလည်း TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေ လေကြောင်း ဗုံးကြဲတာ၊ ထိုးစစ်ဆင်တာ မပြုလုပ်ဘဲ ရောက်တဲ့နေရာကနေ အပစ်ရပ် ရမှာဖြစ်ပါတယ်။

အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း မရှိတဲ့ မကြာသေးမီအချိန်ထိ စစ်ကော်မရှင်တပ် နဲ့ TNLA တို့ဟာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်

မတ် ၄၊ ၂၀၂၆Zalen မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် ...

ဆက်ဖတ်ရန်