၃၊ သြဂုတ် ၂၀၂၄
Zalen
တိုက်ပွဲကြောင့် ၂လ ကျော် ကြာ ပိတ်ထားခဲ့ရတဲ့ ချင်းပြည်နယ်၊ တီးတိန်မြိုက ပြည်သူ့ဆေးရုံကို ဩဂုတ် ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တီးတိန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF Zoland တို့ မေလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဇူလိုင်လကုန်အထိ ပြည်သူ့ဆေးရုံကို ပိတ်ခဲ့ရတာပါ။
တီးတိန်မြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကို ဇူလိုင်လမှာ ပြန်လည် ပြင်ဆင် မွမ်းမံခဲ့ပြီး လက်ထောက်ဆရာ၀န်တွေ၊ ကျန်းမာရေး ၀န်ထမ်းတွေနဲ့သာ ပြန်ဖွင့်ခဲ့တာလို့ ဆိုပါတယ်။
” တိုက်ပွဲ ဖြစ်တော့ ဆေးရုံအုပ်က တခြားမြို့မှာ ရှောင်နေတယ်။ အခုပြန်ဖွင့်လို့ရတော့ ပြန်မလာရဲတော့ဘူး ဖြစ်နေတာ။ လက်ထောက်ဆရာ၀န်နှစ်ယောက်နဲ့ တခြား ကျန်းမာရေး သူနာပြုတွေ ဖွင့်တာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တီးတိန်မြို့ ရှိ အသင်းတော် ကြီးများက အလှူငွေ ထည့်ဝင်ခဲ့ကြပြီး မြိုမိမြို့ဖတွေက ဆေးရုံ ပြန်ဖွင့်နိုင်ဖို့ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁ ရက်နေ့မှာ တီးတိန်မြို့က စာသင် ကျောင်းတွေ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ WiFi အင်တာနက် နဲ့ လျှပ်စစ်မီးလည်း ပြန်လည် ရရှိခဲ့ပါတယ်။
Helen