တိုင်းနဲ့ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် ချင်းအသင်းက ရွှေတံဆိပ်ဆု(၂)ခုအပါအဝင် ဆု(၇)မျိုးရရှိ

၂၀၁၉၊ နိုဝင်ဘာလ(၁၉)
၂၀၁၉ တိုင်းဒေသကြီးနဲ့ ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် ချင်းပြည်နယ်အသင်းက (men single) အကောင်းဆုံးကစားသမားဆု နဲ့ ဆု (၇)မျိုးရရှိကြပါတယ်။

ယင်းပြိုင်ပွဲကို နိုဝင်ဘာလ (၁၃)ရက်မှ (၁၈)ရက်အထိ ရန်ကုန်မြို့၊ သိမ်ဖြူတင်းနစ်ကွင်းတွင်ကျင်းပပါတယ်။ အမျိုးသားအသင်းတွင် ရခိုင်ပြည်နယ်မှလာရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် (၁၃)ဖွဲ့သာရှိပြီး အမျိုးသမီးအသင်းတွင် ရှမ်း၊ ချင်း၊ ကချင်၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး အဖွဲ့တွေသာလာရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

ချင်းပြည်နယ်မှ တင်းနစ်လက်ရွှေးစင် (၉)ဦးသွားရောက်ယှဉ်ပြိုင်ပြီး အမျိုးသားအဖွဲ့တွင် Cung Lian Mang (Haka), Sen Hlei Zul (Falam), Lum Tum Kheng (Haka), Lal Nun Puia (Falam), Lian Tin Sang (Haka) တို့ဖြစ်ပြီး အမျိုးသမီးအသင်းတွင် Cing Tul Mang (Tedim), Cing Pum Huai (Tedim), Niang Khawm Kim (Tedim), Kee Sian (Tedim) တို့ဖြစ်ပါတယ်။ ရွှေတံဆိပ်ဆု (၂)ဆု၊ ငွေတံဆိပ်ဆု (၂)ဆု၊ နဲ့ ကြေးတံဆိပ်ဆု (၃)ဆု ရရှိကြပါတယ်။

အမျိုးသား (single) တွင် Sen Hlei Zul က ရွှေတံဆိပ်ဆု နဲ့ အကောင်းဆုံးကစားသမားဆု(၂၀၁၉) ရရှိပြီး၊ အမျိုးသား (double) တွင် Cung Lian Mang နဲ့ Lum Tum Kheng က ရွှေတံဆိပ်ဆု၊ အမျိုးသားနဲ့အမျိုးသမီး (Mix Double) တွင် Cung Lian Mang နဲ့ Cing Tul Mang က ငွေတံဆိပ်ဆု၊ အမျိုးသားအဖွဲ့လိုက်နဲ့ ငွေတံဆိပ်ဆု၊ အမျိုးသမီး (single) တွင် Cing Pum Huai က ကြေးတံဆိပ်ဆု၊ အမျိုးသမီး (double) တွင် Niang Khawm Kim နဲ့ Kee Sian က ကြေးတံဆိပ်ဆု၊ နဲ့ အမျိုးသမီးအဖွဲ့လိုက်က ကြေးတံဆိပ်ဆု အသီးသီးရရှိကြပါတယ်။

Men Single champion နဲ့ Best player 2019 ဆုရရှိတဲ့ Sen Hlei Zul က “မန္တလေးမှာအဝေးသင်တက်နေလို့ လေ့ကျင့်ချိန်ကသိပ်မရှိဘူး။ ၃၊ ၄ ရက်လောက်ပဲကစားပြီးတော့ သွားပြိုင်တယ်။ ဟားခါးမှာတော့ နည်းပြကိုပီတာက တစ်လလောက်လေ့ကျင့်ပေးတယ်။ အားလုံးစုပေါင်းကစားတာက ၁၂ ရက်နေ့ကပဲ။ တင်းနစ်ကစားတာကတော့ကြာပြီး။ ၂၀၁၂ ခုနှစ်ကစပြီးတော့ အချိန်ပြည့်ကစားလာတယ်။ ဒီနှစ်ပြည်နယ် အား၊ကာက ကျနော်တို့ကိုထောက်ပံ့တာ အရင်နှစ်ကထက်ပိုကောင်းလာတယ်။ အဲ့ဒါကြောင့်လည်း ကျနော်တို့ပိုပျော်လို့ ဆုတွေအများကြီးရလာတယ်လို့ထင်တယ်။ အမျိုးသမီးအသင်းမှာတော့ မန္တလေး နဲ့ ရန်ကုန် ကိုပြိုင်ရတာမလွယ်ဘူး” လို့ပြောပါတယ်။

(Zawgyi)

တိုင္းနဲ႔ျပည္နယ္ တင္းနစ္ၿပိဳင္ပြဲတြင္ ခ်င္းအသင္းက ေ႐ႊတံဆိပ္ဆု(၂)ခုအပါအဝင္ ဆု(၇)မ်ိဳးရရွိ

၂၀၁၉၊ ႏိုဝင္ဘာလ(၁၉)
၂၀၁၉ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ တင္းနစ္ၿပိဳင္ပြဲတြင္ ခ်င္းျပည္နယ္အသင္းက (men single) အေကာင္းဆုံးကစားသမားဆု နဲ႔ ဆု (၇)မ်ိဳးရရွိၾကပါတယ္။

ယင္းၿပိဳင္ပြဲကို ႏိုဝင္ဘာလ (၁၃)ရက္မွ (၁၈)ရက္အထိ ရန္ကုန္ၿမိဳ႕၊ သိမ္ျဖဴတင္းနစ္ကြင္းတြင္က်င္းပပါတယ္။ အမ်ိဳးသားအသင္းတြင္ ရခိုင္ျပည္နယ္မွလာေရာက္ယွဥ္ၿပိဳင္ႏိုင္ျခင္းမရွိသျဖင့္ (၁၃)ဖြဲ႕သာရွိၿပီး အမ်ိဳးသမီးအသင္းတြင္ ရွမ္း၊ ခ်င္း၊ ကခ်င္၊ မႏၲေလး၊ ရန္ကုန္၊ ပဲခူး အဖြဲ႕ေတြသာလာေရာက္ယွဥ္ၿပိဳင္ႏိုင္ပါတယ္။

ခ်င္းျပည္နယ္မွ တင္းနစ္လက္ေ႐ႊးစင္ (၉)ဦးသြားေရာက္ယွဥ္ၿပိဳင္ၿပီး အမ်ိဳးသားအဖြဲ႕တြင္ Cung Lian Mang (Haka), Sen Hlei Zul (Falam), Lum Tum Kheng (Haka), Lal Nun Puia (Falam), Lian Tin Sang (Haka) တို႔ျဖစ္ၿပီး အမ်ိဳးသမီးအသင္းတြင္ Cing Tul Mang (Tedim), Cing Pum Huai (Tedim), Niang Khawm Kim (Tedim), Kee Sian (Tedim) တို႔ျဖစ္ပါတယ္။ ေ႐ႊတံဆိပ္ဆု (၂)ဆု၊ ေငြတံဆိပ္ဆု (၂)ဆု၊ နဲ႔ ေၾကးတံဆိပ္ဆု (၃)ဆု ရရွိၾကပါတယ္။

အမ်ိဳးသား (single) တြင္ Sen Hlei Zul က ေ႐ႊတံဆိပ္ဆု နဲ႔ အေကာင္းဆုံးကစားသမားဆု(၂၀၁၉) ရရွိၿပီး၊ အမ်ိဳးသား (double) တြင္ Cung Lian Mang နဲ႔ Lum Tum Kheng က ေ႐ႊတံဆိပ္ဆု၊ အမ်ိဳးသားနဲ႔အမ်ိဳးသမီး (Mix Double) တြင္ Cung Lian Mang နဲ႔ Cing Tul Mang က ေငြတံဆိပ္ဆု၊ အမ်ိဳးသားအဖြဲ႕လိုက္နဲ႔ ေငြတံဆိပ္ဆု၊ အမ်ိဳးသမီး (single) တြင္ Cing Pum Huai က ေၾကးတံဆိပ္ဆု၊ အမ်ိဳးသမီး (double) တြင္ Niang Khawm Kim နဲ႔ Kee Sian က ေၾကးတံဆိပ္ဆု၊ နဲ႔ အမ်ိဳးသမီးအဖြဲ႕လိုက္က ေၾကးတံဆိပ္ဆု အသီးသီးရရွိၾကပါတယ္။

Men Single champion နဲ႔ Best player 2019 ဆုရရွိတဲ့ Sen Hlei Zul က “မႏၲေလးမွာအေဝးသင္တက္ေနလို႔ ေလ့က်င့္ခ်ိန္ကသိပ္မရွိဘူး။ ၃၊ ၄ ရက္ေလာက္ပဲကစားၿပီးေတာ့ သြားၿပိဳင္တယ္။ ဟားခါးမွာေတာ့ နည္းျပကိုပီတာက တစ္လေလာက္ေလ့က်င့္ေပးတယ္။ အားလုံးစုေပါင္းကစားတာက ၁၂ ရက္ေန႔ကပဲ။ တင္းနစ္ကစားတာကေတာ့ၾကာၿပီး။ ၂၀၁၂ ခုႏွစ္ကစၿပီးေတာ့ အခ်ိန္ျပည့္ကစားလာတယ္။ ဒီႏွစ္ျပည္နယ္ အား၊ကာက က်ေနာ္တို႔ကိုေထာက္ပံ့တာ အရင္ႏွစ္ကထက္ပိုေကာင္းလာတယ္။ အဲ့ဒါေၾကာင့္လည္း က်ေနာ္တို႔ပိုေပ်ာ္လို႔ ဆုေတြအမ်ားႀကီးရလာတယ္လို႔ထင္တယ္။ အမ်ဳိးသမီးအသင္းမွာေတာ့ မႏၱေလး နဲ႔ ရန္ကုန္ ကိုျပဳိင္ရတာမလြယ္ဘူး” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်