တီမောလက်စတေး သမ္မတနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။
Zalen

တီမောလက်စတေ သမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (José Ramos-Horta)နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒိလီမြို့က သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ CHRO က ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာ CHRO အဖွဲ့က မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ နိုင်ငံတဝန်းမှာ ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဓိကထား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေကို စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘုရားကျောင်းတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာတွေကိုလည်း အသေးစိတ် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

Zalen ad

ဒါ့အပြင် ၂၀၂၂ ခုနှစ်က မတူပီမြို့နယ်အတွင်း သတင်းထောက် ၁ဦးနဲ့ ကလေးငယ် ၁ဦးအပါအဝင် လူ ၁၀ ဦးကို အစုလိုက်သတ်ဖြတ်ခဲ့မှုနဲ့ ဘာသာရေးခေါင်းဆောင်တွေကို သတ်ဖြတ်ခဲ့မှုတွေအတွက် မြန်မာစစ်ကော်မရှင် အဖွဲ့ဝင် ၁၀ ဦးကို ဒီလီမြို့မှာ တရားစွဲဆိုထားတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

“ကိုယ့်နိုင်ငံမှာ တရားမျှတမှုကို မရခဲ့ရင်တောင် ဒီနေရာမှာတော့ တရားမျှတမှု ပြန်ရနိုင်မယ်လို့ ခံစားရတဲ့ အခြေအနေတခုကို ရှာဖွေနေပါတယ်” လို့ CHRO ရဲ့ ဒါရိုက်တာ ဆလိုင်းဇအုပ်က ပြောပါတယ်။

မြန်မာစစ်‌အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တီမောလက်တေနိုင်ငံမှာ စစ်‌ကောင်စီကို ဇန်နဝါရီ ၁၂ ရက်က တရားစွဲဆို တိုင်ကြားထားပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အရပ်သားတွေ သတ်ဖြတ်မှုတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေကြောင့် ဒိလီမြို့မှာ တရားစွဲထားတဲ့ အမှုအခြေအနေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှု ကျူးလွန်သူတွေကို ဥပဒေအရ တာဝန်ယူစေရေး အရေးကြီးတယ်လို့ CHRO ဘက်က အလေးထား ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ တီမောလက်စတေနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံစလုံးက လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ သမိုင်းနောက်ခံတွေ ရှိတယ်ဆိုတာကိုလည်း ပြန်လည် ပြောကြားခဲ့ကြပြီး၊ ဒီလို တူညီတဲ့ သမိုင်းတွေကြောင့် နှစ်နိုင်ငံကြားမှာ ဆွေမျိုးသံယောဇဉ်တရပ် ရှိနေတယ်လို့ ပြောခဲ့ကြပါတယ်။

CHRO ဘက်က တီမောလက်စတေ သမ္မတအနေနဲ့ အချိန်ပေးပြီး အလေးအနက်ထား နားထောင်ပေးခဲ့တာကို ကျေးဇူးတင်ကြောင်း၊ ကိုယ့်နိုင်ငံက ကိုယ်တိုင် တရားမျှတမှုအတွက် ရုန်းကန်ခဲ့ရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နားလည်ပေးနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း CHRO က ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း-Helen
ဓာတ်ပုံ- CHRO

CHRO #တီမောလက်စတေ #သမ္မတ #Zalen

နောက်ဆုံးရသတင်းများ

နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ပွဲတော် ကို ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့တယ် ဒေသသတင်းများအရသိရပါတယ်။ ယ‌ေန့ဇန်နဝါရီလ ၁၄ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလေရှီးမြို့ မှာ နှစ်စဉ်ကျင်းပနေတဲ့ နာဂတိုင်းရင်းသားရိုးရာ ...

ဆက်ဖတ်ရန်