လင်နူးပါလွင်ပြင်အနီးထိ ကိုယ်ထူကိုယ်ထကားလမ်းဖောက်လုပ်

 

 

လင်နူးပါလွင်ပြင်အနီးထိ ကိုယ်ထူကိုယ်ထကားလမ်းဖောက်လုပ်

ချင်းပြည်နယ်လိုတောတောင်ထူထပ်တဲ့နေရာမှာ အလွန်လှပသာယာတဲ့ လင်နူးပါ(Len Nupa)လွင်ပြင်အနီးထိ တီးတိန်မြို့နယ် ကပ်တဲလ်ရွာသားတွေက ကိုယ်ထူကိုယ်ထကားလမ်းဖောက်လုပ်ထားပါတယ်။

Zalen ad

ကပ်တဲလ်ရွာ(Kaaptel)ကနေ လင်နူးပါအနီးထိ ကားလမ်း (၄)မိုင်ကျော်နှင့် ယင်းမှတဆင့် ခြေခြေလမ်း တစ်မိုင်ခွဲ ကို မတ်လ (၂၅)ရက်ကနေ ဧပြီ(၅)ရက်ထိဖောက်လုပ်ထားပါတယ်။

အခုလို ကိုယ်ထူကိုယ်ထကားလမ်းဖောက်လုပ်ခြင်းနဲ့ပတ်သက်ပြီး ကားလမ်းဖောက်လုပ်မှုတာဝန်ခံ ဦးနန်ခန့်ပေါင်က “လင်နူးပါရဲ့အလှကို ထိန်းသိမ်းချင်တယ်။ ပြီးတော့ ဒီအလှကိုကမ္ဘာကသိအောင် လာရောက်လေ့လာနိုင်အောင်ရည်ရွယ်ထားတယ်။ လင်နူးပါကို လာရောက်လေ့လာချင်ရင် အကောင်းဆုံးရာသီက ဆောင်းရာသီနဲ့ နွေရာသီမှာလာရင်အဆင်ပြေတယ်” လို့ပြောပါတယ်။

ကပ်တဲလ်ကနေ လင်နူးပါထိ ကားလမ်းဖောက်ဖို့ နိုင်ငံတကာမှာရောက်နေတဲ့ ကပ်တဲလ်ရွာသားတွေငွေကြေးထောက်ပံ့မူနဲ့ဖောက်လုပ်တာဖြစ်ပြီး သိန်း (၂၀၀)ခန့်ကုန်ကျပါတယ်။

တီးတိန်မြို့ကနေ ကပ်တဲလ်ရွာထိ (၁၈)မိုင်ဝေးပြီး ဆိုင်ကယ်နဲ့သွားရင် တစ်နာရီကျော်ကျော်ကြာပါတယ်။ ရိခေါ်ဒါရ်မြို့ကနေ ကပ်တဲလ်ရွာထိ (၂၄)မိုင် ဝေးပြီး အိန္ဒိယက လမ်းအသစ်ဖောက်လုပ်မယ့် ရိခေါ်ဒါရ်-တီးတိန်ကားလမ်းပေါ်မှာတည်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်