တီးတိန်မြို့မှာ စစ်တပ်သိမ်းထားတဲ့မြေ ဧက(၄၀)ပြန်လည်စွန့်လွတ်မယ်

တီးတိန်မြို့ စကောလမ်းရပ်ကွက်မှာရှိတဲ့ အမှတ်(၂၆၉)ခြေလျင်တပ်ရင်းက ၁၉၉၆ ခုနှစ်မှာသိမ်းထားတဲ့မြေတွေထဲမှ ဧက(၄၀)ကို ပြန်လည်စွန့်လွတ်မယ်လို့ သြဂုတ်လ(၁၈)ရက်မှာ မြို့နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကအမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပါတယ်။

ယင်းကြောင့် မူလအိမ်မြေကွက်ချထားခံရသူရှိပါက သြဂုတ်လ(၁၈)ရက်မှ (၂၄)ရက်ထိ ခိုင်လုံတဲ့ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းနဲ့အတူ  မြို့နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီထံသို့ လာရောက်သတင်းဖို့ရန်နဲ့ တကယ်လို့ သြဂုတ်လ(၂၄)ရက်ထိ တရားဝင်မြေပိုင်ဆိုင်မှုအထောက်အထား၊ စာရွက်စာတမ်းများနဲ့အတူတင်ပြနိုင်ခြင်းမရှိရင် မြေကွက်ပြန်လည်လွှဲပြောင်းနိုင်ရေး လုံးဝ(လုံးဝ)လက်ခံဆောင်ရွက်ပေးမှာမဟုတ်ကြောင်း အမိန့်ကြော်ငြာစာတွင်ဖော်ပြထားပါတယ်။

၁၉၉၆ ခုနှစ်တွင် အမှတ်(၂၆၉)ခြေလျင်တပ်ရင်းက တီးတိန်မြို့မှာ ကားဂိုဒေါက်တွက်ဟုဆိုကာ မြေဧက(၄၀၀)သိမ်းဆည်းထားပါတယ်။

Zalen ad

တီးတိန်မြို့နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက တာဝန်ခံ U Sangthanvela(ဦးဆန်ထန်ဗာလ်လာ)က “မူလမြေပိုင်ရှင်တွေရဲ့ စာရင်းကို ကျနော်တို့စုံစမ်းနိုင်သလောက်စုံစမ်းကြည့်တော့ (၂၅)ယောက်က ဧက(၈ ဒသမ ၅၁) ပိုင်ဆိုင်တဲ့စာရင်းတော့ရသွားပြီ။ တခြားလူတွေကတော့ အထောက်အထားတွေလာမပေးကြသေးဘူး”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဂရမ်မီဆုရရှိမှုအပေါ် တရုတ်အစိုးရ ပြင်းထန်စွာကန့်ကွက်

ဇန်နဝါရီ ၃၊ ၂၀၂၆ Zalen တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အသံစာအုပ်တပုဒ် ဂီတလောကရဲ့ အမြင့်ဆုံးဆု ဖြစ်တဲ့ ဂရမ်မီ ဆု ဆွတ်ခူးရရှိခဲ့မှုအပေါ် တရုတ်အစိုးရက ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်တုံ့ပြန်လိုက်ပါတယ်။ ...

ဆက်ဖတ်ရန်