တီးတိန်- ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းမ ပြန်လည်ဖွင့်လှစ်ပြီး လမ်းအဆင့်မြှင့်တင်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများတောင်းဆို

တီးတိန်- ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းမ ပြန်လည်ဖွင့်လှစ်ပြီး လမ်းအဆင့်မြှင့်တင်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများတောင်းဆို

တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းမကို ညဖက်သွားလာခွင့်ပြန်လည်ဖွင့်လှစ်ပြီး ယင်းလမ်းမကို အဆင့်မြှင့်တင်ပေးရန် ဇိုမီးအရပ်ဖက်လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမှတ် (၂)လမ်းမတွင် ညဘက်ယာဉ်မတော်တဆမှုများပြားတာကြောင့် စက်တင်ဘာ (၁၈)ရက်မှစပြီး ည (၈)နာရီမှ မနက် (၅)နာရီထိ မော်တော်ယာဉ်များသွားလာခွင့်ပိတ်ပင်ထားကြောင်း ပြည်နယ်အစိုးရကထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် စက်တင်ဘာ (၂၁)ရက်တွင် ယင်းလမ်းမကို မော်တော်ယာဉ်များ ညဖက်သွားလာခွင့်ပြန်လည် ခွင့်ပြုကြောင်း အမိန့်စာထွက်ပြန်လိုက်ပါတယ်။

ဇိုမီးအရပ်ဖက်အဖွဲ့အစည်းများထုတ်ပြန်ချက်တွင် နယ်စပ်ဒေသကျေးလက်နေပြည်သူများ၏ ရေရှည်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်အရေးပါသည့် အခြေခံလူသုံးကုန်စည် သယ်ယူပို့ဆောင်ရေး၊ တိုင်းပြည်အတွက် နှစ်စဉ်နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိစေသည့် အမှတ်(၂) အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းမကြီးတွင် တန်ပိုတင်ဆောင်ခြင်း မဖြစ်ပွားစေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများအတွင်း အဂတိလိုက်စားမှုပပျောက်ရန် အထူးပင်အရေးကြီးပါသည်။ အဆိုပါ ကုန်သွယ်ရေးလမ်းမကြီးကို ဘေးအန္တရာယ်ကင်းသော၊ အရည်အသွေး အဆင့်အတန်းမှီသောလမ်းမကြီးအဖြစ် ပြုပြင်ဆောက်လုပ်ပေးပါရန် တောင်းဆိုသည်လို့ဖော်ပြထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြန်မာဘက်ခြမ်းမှဝင်လာတဲ့ ကုန်စိမ်းအိတ်တွေထဲကနေ မူးယစ်ဆေးအများအပြားဖမ်းမိ

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆Zalen အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်ကနေ ဇိုခေါထာရ်ဘက်ကို တင်သွင်းလာတဲ့ ကုန်စိမ်းအိတ်များထဲမှ မူးယစ်ဆေး အများအပြားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဇိုခေါထာရ်ရဲတပ်ဖွဲ့များဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက နယ်စပ်ဂိတ်ကနေဝင်လာတဲ့ ကုန်စိမ်းအိတ်များကို ရှာဖွေစစ်ဆေးခဲ့ရာ မုန်ညင်းရွက်ထည့်ထားတဲ့ အိတ်ထဲကနေ ဘိန်းဖြူအများအပြားဖမ်းဆီးခဲ့တာ ...

ဆက်ဖတ်ရန်