တီးတိန်- ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းမ ပြန်လည်ဖွင့်လှစ်ပြီး လမ်းအဆင့်မြှင့်တင်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများတောင်းဆို

တီးတိန်- ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းမ ပြန်လည်ဖွင့်လှစ်ပြီး လမ်းအဆင့်မြှင့်တင်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများတောင်းဆို

တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းမကို ညဖက်သွားလာခွင့်ပြန်လည်ဖွင့်လှစ်ပြီး ယင်းလမ်းမကို အဆင့်မြှင့်တင်ပေးရန် ဇိုမီးအရပ်ဖက်လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမှတ် (၂)လမ်းမတွင် ညဘက်ယာဉ်မတော်တဆမှုများပြားတာကြောင့် စက်တင်ဘာ (၁၈)ရက်မှစပြီး ည (၈)နာရီမှ မနက် (၅)နာရီထိ မော်တော်ယာဉ်များသွားလာခွင့်ပိတ်ပင်ထားကြောင်း ပြည်နယ်အစိုးရကထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် စက်တင်ဘာ (၂၁)ရက်တွင် ယင်းလမ်းမကို မော်တော်ယာဉ်များ ညဖက်သွားလာခွင့်ပြန်လည် ခွင့်ပြုကြောင်း အမိန့်စာထွက်ပြန်လိုက်ပါတယ်။

ဇိုမီးအရပ်ဖက်အဖွဲ့အစည်းများထုတ်ပြန်ချက်တွင် နယ်စပ်ဒေသကျေးလက်နေပြည်သူများ၏ ရေရှည်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်အရေးပါသည့် အခြေခံလူသုံးကုန်စည် သယ်ယူပို့ဆောင်ရေး၊ တိုင်းပြည်အတွက် နှစ်စဉ်နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိစေသည့် အမှတ်(၂) အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းမကြီးတွင် တန်ပိုတင်ဆောင်ခြင်း မဖြစ်ပွားစေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများအတွင်း အဂတိလိုက်စားမှုပပျောက်ရန် အထူးပင်အရေးကြီးပါသည်။ အဆိုပါ ကုန်သွယ်ရေးလမ်းမကြီးကို ဘေးအန္တရာယ်ကင်းသော၊ အရည်အသွေး အဆင့်အတန်းမှီသောလမ်းမကြီးအဖြစ် ပြုပြင်ဆောက်လုပ်ပေးပါရန် တောင်းဆိုသည်လို့ဖော်ပြထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ်တွေကို လိုင်စင်နံပါတ် စုံ ၊ မ ဂဏန်းတွေ စတင်စစ်ဆေး

မတ် ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လေဆိပ်ရှေ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို တားပြီး လိုင်စင်နံပါတ်ပြားပေါ်က စုံ / မ ဂဏန်းတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ မတ်လ ၂၀ရက် မနေ့က ...

ဆက်ဖတ်ရန်