တီးတိန်နဲ့ တီအိုချောင်းကြားရှိတဲ့ မံဆောင်းမြစ်ကူးတံတားကို စစ်ကောင်စီကမိုင်းခွဲဖျက်ဆီး

၈၊ဇွန်၊၂၀၂၄

Zalen

ချင်းပြည်နယ်၊တီးတန်မြို့နဲ့နယ်စပ်တီအိုချောင်းလမ်းကြားရှိ မံဆောင်းတံတားကို စစ်ကောင်စီက ယနေ့ ဇွန်လ မနက်၈နာရီဝန်းကျင်မှာ မိုင်းခွဲပြီးဖျက်ဆီးတယ်လို့ သိရပါတယ်။

တီးတိန်မြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်က မနက်မှာ

မံဆောင်းတံတားကိုသွားရောက် ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး တီးတိန်နဲ့ ၃မိုင်ဝန်းကျင်ဝေးတဲ့ Lamzang ရွာရှိ အရပ်သားတစ်ချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

“တံတားဘက်ကိုအသွားမှာ ရွာကလူငယ်တွေကိုဖမ်းပြီး အိမ်တအိမ်မှာစုပြီးဖမ်းထားတယ်။သူတို့တံတားခွဲပြီး အပြန်မှာ ပြန်လွတ်ပေးတယ်။စကစတွေလည်းတီးတိန်မြို့ထဲပြန်ဝင်သွားပြီ”လို့ ဒေသခံတစ်ဦးထံကသိရပါတယ်။

မံဆောင်းတံတားဟာ ကလေးနယ်နှင့်ချင်းပြည်နယ်မှ အိန္ဒိယနယ်စပ်တီအိုချောင်းကိုသွားလာဖို့အသုံးပြုတဲ့ အဓိက မြစ်ကူးတံတားတစ်ခုလည်းဖြစ်ပါတယ်။

သတင်း- HAK

No photo description available.

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တို့ တိုက်ပွဲဖြစ်

အောက်တိုဘာ ၃၀၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ချင်းတော်လှန်ရေးတပ်ဘက်က တစ်ဦး ...

ဆက်ဖတ်ရန်