တီးတိန်မြို့မှာ လျှပ်စစ်မီး နဲ့ WiFi အင်တာနက် ပြန်ရ

၂၆ ၊ ဇူလိုင်လ ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့မှာယနေ့ဇူလိုင်လ ၂၆ရက် နေ့လယ်ပိုင်း ကစပြီး ဇလွေး ရေအား လျှပ်စစ် စက်ရုံကနေ တဆင့် လျှပ်စစ်မီး ပြန်လည် ရရှိခဲ့ပြီ Hyper Line ရဲ့ Wifi Cable လိုင်းကနေ အင်တာနက်လည်း ပြန် အသုံးပြုလို့ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၇ ရက်နေ့စတင် ပြတ်တောက်ခဲ့တဲ့ လျှပ်စစ်မီးဟာ ဇူလိုင် ၂၆ရက်နေ့ ၂လ ခန့်အကြာမှာ ပြန်ရခဲ့တာ ဖြစ်ပါတယ်။

Zalen ad

“အင်တာနက်က Hyper Line ကနေ ပြန်ရပြီ။ မီးကလည်း ပြန်ရပြီ။ ဒီနေ့ နေ့လယ်ပိုင်းမှာ စပြီးရတာ။ လျှပ်စစ်မီးကတော့ အရင်က တစ်ပတ်ကို နှစ်ရက် ပေးတာ။ အခုတော့ ဘယ်လိုမျိုး အလှည့်ကျ ဖြန့်ဖြူး မလဲ ဆိုတာ မသိရသေးဘူး။ ” လို့ တီးတိိန်မြို့‌ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ တီးတိန်မြို့ပေါ်ရှိ ပြည်သူဆေးရုံကို ပြန်ဖွင့်နိုင်ဖို့ ပြုပြင်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မေလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ PDF Zoland အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် တီးတိန်မြို့က ဒေသခံတွေအားလုံး မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

တိုက်ပွဲတွေ ငြိမ်သွားတဲ့နောက် ဇွန်လကုန်ပိုင်းကစပြီး ဒေသခံတွေဟာ တီးတိန်‌မြို့က နေအိမ်တွေဆီ နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်လွှတ်တော်မှ ပြည်နယ်ဝန်ကြီး ၇ ဦးကိုအတည်ပြု

ဧပြီ ၉ ၊ ၂၀၂၆Zalen ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ခေါ်ယူကျင်းပတဲ့ တတိယအကြိမ် ၊ ချင်းပြည်နယ် လွှတ်တော်အစည်းအဝေး၊ ပဉ္စမနေ့မှာ ပြည်နယ်ဝန်ကြီး ၇ ဦးကိုလွှတ်တော်က အတည်ပြုလိုက်တယ်လို့သိရပါ တယ်။ ...

ဆက်ဖတ်ရန်