နို၀င်ဘာ ၁၊ ၂၀၂၅
Zalen
ချင်းပြည်နယ်၊ တီးတိန်မြို့အ၀င် ဒိမ်လိုကျေးရွာလမ်းခွဲအနီးမှာ အောက်တိုဘာ ၃၀ ရက်နေ့က စစ်ကောင်စီတပ်နဲ့ PDF Zoland တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တီးတိန်မြို့ပေါ်ကနေ တီးတိန် – ကလေး လမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF Zoland တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
” တပ်ကုန်းကို အင်အားဖြည့်လာတဲ့ တပ်တွေက သိုင်းငင်းဘက်ကို စစ်ကြောင်းထွက်လာတာ၊ မနေ့က ဒိမ်လိုလမ်းခွဲနား၊ အရင် Zoland တပ်တွေ ဂိတ်ချထားတဲ့ နားမှာ ဖြစ်ကြတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ တီးတိန်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်ကနေ ၂၉ ရက်အထိ လေးရက်ဆက်တိုက် လက်နက်အင်အား၊ လူအင်အားဖြည့်တင်းခဲ့ပါတယ်။
တီးတိန်- ကလေးလမ်းကို စစ်ကြောင်းထိုးနေတာကြောင့် ခရီးသွားလာတာ မလုပ်ကြဖို့ PDF Zoland က သတိပေးထုတ်ပြန်ပါတယ်။
Helen


















