တီးတိန်မြို့ နတလကျောင်းမှာ တပ်စွဲတဲ့ စစ်ကောင်စီက လက်နက်ကြီးကျည်တွေ ရမ်းသမ်း ပစ်ခတ်

နိုဝင်ဘာ ၁ ၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့ထဲ နတလ ကျောင်းမှာ တပ်စွဲတဲ့ စစ်ကောင်စီဟာ မြို့အဝင်၊ အထွက် တီးတိန် – သိုင်းငင်း ကားလမ်းဘက်ကို လက်နက်ကြီးကျည်တွေ ဆက်တိုက် ရမ်းသမ်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တီးတိန်မြို့ နတလကျောင်းက စစ်ကောင်စီဟာ ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မနက်အစောပိုင်းကတည်းက မြို့အဝင်၊အထွက် တီးတိန် – သိုင်းငင်း ကားလမ်းဘက်ကို လက်နက်ကြီးကျည် ၄ လုံး ဆက်တိုက် ရမ်းသမ်း ပစ်ခတ်နေတာပါ။

Zalen ad

“တီးတိန်မြို့အဝင်ဘက်မှာ ဒီမနက်မြို့ထဲ နတလကျောင်းက လက်နက်ကြီးကျည် ၄ လုံး ဆက်တိုက် ပစ်ခတ်နေတယ်။ ဒီနေ့ မနက်မှာ ဘယ်နေရာမှ တိုက်ပွဲတွေမရှိဘူး။ မြို့ထဲမှာ လူတွေကလည်း လှုပ်လှုပ်ဖြစ်နေကြတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တီးတိန်မြို့အနီး ကျေးရွာတွေမှာ မနေ့အောက်တိုဘာ ၃၁ ရက်နေ့က ထိတွေ့ တိုက်ပွဲတွေရှိပေမယ့် ဒီနေ့ နိုဝင်ဘာ ၁ ရက်နေ့မနက်မှာ တိုက်ပွဲတွေမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တီးတိန်မြို့ကနေ မနေ့ အောက်တိုဘာ ၃၁ ရက်နေညက ကလေး-သိုငင်း ကားလမ်းအတိုင်း အင်အားရာနဲ့ချီ စစ်ကြောင်းတစ်ကြောင်း ထပ်လွှတ်တယ်လို့ တီးတိန်စစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။

“မနေ့ညက တီးတိန်-သိုင်းငင်း ကားလမ်းအတိုင်း စစ်ကြောင်းတစ်ကြောင်း ထပ်လွှတ်တယ်။ ဒီနေ့မနက် လက်နက်ကြီးကျည်တွေက အဲစစ်ကြောင်းကို လမ်းရှင်းပေးတာလည်းဖြစ်မယ်။ အခု တီးတိန်-သိုင်းငင်း ကားလမ်းမှာ စစ်ကြောင်းနှစ်ကြောင်းဖြစ်သွားပြီ။”လို့ စစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။

လက်ရှိတီးတိန်မြို့မှာ စစ်ကော်စီတပ်တွေဟာ ခြေရှပ်နေကြသလို မြို့ခံပြည်သူတွေကလည်း ထွက်ပြေးတိမ်းရှောင်ကြဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ဆလိုင်း

နောက်ဆုံးရသတင်းများ

မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်

မတ် ၄၊ ၂၀၂၆Zalen မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် ...

ဆက်ဖတ်ရန်