တွန်းဇံမြို့နယ်မှာ ကားတစ်စီးမှောက်လို့ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

တွန်းဇံမြို့နယ် တွီးတုမ်းကျေးရွာနားမှာ ဒီနေ့ညနေ (၁)နာရီမှာ ကျောက်၊သဲတင်တဲ့ကားတစ်စီးဟာ လမ်းဘေး ပေ(၁၂၀)အနက်မှာကျလို့ ကားဆရာ တစ်ဦးသေဆုံးပြီး၊ ကားနောက်လိုက် နှစ်ဦးဒဏ်ရာရရှိတယ်လို့သိရပါတယ်။

“ကားဆရာက ပွဲချင်းပဲသေသွားတယ်။ ကားနောက်လိုက် နှစ်ယောက်ထဲက တစ်ဦးကခြေထောက်ကျိုးတယ်။ သူတို့အခြေအနေက တော်တော်ပြင်းထန်တယ်။ ကားမှောက်တာက အရှိန်လွန်သွားဖြစ်တယ်။ တွီးတုမ်းရွာက တွန်းဇံမြို့နဲ့ တစ်ဆက်တည်းမှာရှိတယ်”လို့မျက်မြင်တစ်ဦးကဆိုပါတယ်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဇမ်ရှင်းဟောက်(၁၉)နှစ်(ဘ)ဦးပေါင်ဆွင်းခမ်သည် ယာဉ်အမှတ်(7L/—-) SKAT(ဖြူ)ဖြင့် နတ်ဇန်ကျေးရွာမှသဲများ တင်ဆောင်ကာ နောက်လိုက် ဆွင်ဗျက်ဆန်(၂၀)နှစ် (ဘ)ဦးဇင့်ရှင်းထန်နှင့် ဒါလ်းဇကပ်(၂၀)နှစ်(ဘ)ဦးထန်ဆွင်းထောင်နှင့်အတူ တွန်းဇံမြို့သို့ ပြန်တက် လာခဲ့ကြသည်။ ကျီခါး-တွန်းဇံလမ်း ကီလိုမီတာ(၅၀-၅၁)ကြား တွန်းဇံမြို့မှ(၅)ဖာလုံခန့်အကွာတွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ (၁၂၀)ပေခန့် ထိုးကျတိမ်းမှောက်လျက်ရှိခဲ့ရာ ယာဉ်မောင်း ဇမ်ရှင်းဟောက်(၁၉)နှစ်သည် ဦးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာနှင့် ကျောကုန်း ညိုမဲဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးလျက်ရှိသည်။ ယာဉ်နောက်လိုက် ဆွင်ဗျက်ဆန်(၂၀)နှစ် သည် ဝဲဘက်ခြေသလုံးရိုးကျိုးဒဏ်ရာ(မစိုးရိမ်ရ)ရရှိသည့်အပြင် ဒါလ်းဇကပ်(၂၀)နှစ်သည် ဝဲဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။

နောက်ဆုံးရသတင်းများ

နာဂလက်နက်ကိုင်အချင်းချင်းကြား ညှိနှိုင်း ဆွေးနွေးအဖြေရှာကြဖို့ နာဂကျောင်းသားများ သမ္မဂ တိုက်တွန်း

ဇန်နဝါရီ ၂၉၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂလက်နက်ကိုင် ၂ဖွဲ့ကြား အပြန်အလှန်တုန့်ပြန် ပစ်ခတ်တိုက်ခိုက်နေမှုကို နာဂကျောင်းသားများသမ္မဂမှ ပြစ်တင်ရှုံ့ချပြီး နှဖက်တွေ့ဆုံညှိနိုင်း ဆွေးနွေး အဖြေရှာကြဖို့ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ နာဂဒေသမှာ ...

ဆက်ဖတ်ရန်