တွန်းဇံမြို့မှာ ကာလတန်ဖိုး အိန္ဒိယ ရူပီသိန်း၃၅၀ မှ ၄၀၀ ကြား ဘိန်းဖြူ ဖမ်းဆီးရမိ

၁၅၊ ဇွန်လ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ ကာလတန်ဖိုး အိန္ဒိယ ရူပီသိန်း ၃၅၀ မှ ၄၀၀ ကြား ဘိန်းဖြူ ဖမ်းဆီးရမိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြန်ကြားရေးအဖွဲ့က ဒီနေ့ ဇွန်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တွန်းဇံမြို့မှာ ဇွန်လ ၁၃ ရက်နေ့က ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ပူးပေါင်းအဖွဲ့တို့ လုံခြုံရေး စစ်ဆေးရေးဂိတ်မှာ အရပ်သား ၂ ဦးထံမှ ဆပ်ပြာဗူးပေါင်း (၁၀၀၀)ဖြင့် ထုတ်ထားတဲ့ ဘိန်းဖြူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

အဲ့ဒီ ဘိန်းဖြူတွေဟာ အိန္ဒိယနိုင်ငံသို့ ပို့ဆောင်မယ့် ဘိန်းဖြူတွေဖြစ်ပြီး ဇွန်လ ၁၃ရက် ညနေပိုင်းက ယာဉ်အမှတ် YGN/4J-4438 ပေါ်မှာ ဖမ်းဆီးရမိတာလို့ သိရပါတယ်။

ဖမ်းဆီးရတဲ့ အရပ်သား နှစ်ဦးနဲ့ သူတို့ အသုံးပြုတဲ့ မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ယာယီထိန်းသိမ်းထားပြီး သူတို့ရဲ့ ကိုယ်ရေးအချက်လက်တွေနဲ့တကွ ကွင်းဆက်တွေကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။

ချင်းပြည်နယ်မှာ တွန်းဇံမြို့နယ်ဟာ ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသလို့ သိရပါတယ်။

သတင်း – အိုက်လင်း

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်