ထန်တလန်မြို့နယ်၊ ခွါဖိုးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီ ၂၄ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွါလ်ဟရိန်းဒေသ၊ ခွါဖိုးကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနေ့ည ၁၀ နာရီ နဲ့ ၁၁ နာရီကြားမှာလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်များထံကနေ သိရပါတယ်။

ထန်တလန်မြို့နဲ့ ၅ မိုင်ခန့်အကွာမှာရှိတဲ့ ခွါဖိုးကျေးရွာရဲ့ စာသင်ကျောင်းအနီးပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးသုံးလုံးကြဲချခဲ့တာလို့သိရပြီး လူအထိအခိုက်တော့မရှိဘူးလို့ သိရပါတယ်။

“ရွာအစွန်မှာရှိတဲ့ စာသင်ကျောင်းကိုကြဲတာပါ။ စာသင်ကျောင်းအောက်ဘက်မှာ ဗုံးကျတာပါ။ အဲ့ဘက်မှာ ပြည်သူ တွေမရှိတော့ အထိအခိုက်တော့မရှိဘူး။ စာသင်ကျောင်းကို ဗုံးအစအနထိလို့ အနည်းငယ်ပျက်စီးမှုရှိတယ်” လို့ သတင်းအရင်းအမြစ်တဦးက ပြောပါတယ်။

Zalen ad

ခွါဖိုးကျေးရွာမှာ ဘယ်လိုတိုက်ပွဲမျိုးမှမရှိသလို တော်လှန်ရေးတပ်ဖွဲ့များလည်းတပ်စွဲထားခြင်းမရှိဘူးလို့သိရပြီး အကြမ်းဖက်စစ်တပ်က တမင်တကာဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ ခွါဖိုးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ထိုခိုက်ဒဏ်ရာရခဲ့ကြပါ တယ်။

သတင်း – Mickey
ပုံအညွှန်း – ခွါဖိုးကျေးရွာ
ဓါတ်ပုံ – လူမှုကွန်ယက်

#ထန်တလန်#ဗုံးကြဲ#Zalen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း (၃)ကို စောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိ

ဇန်နဝါရီ ၂၄၊ ၂၀၂၆Zalen ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ နောက်ဆုံးအဆင့်ကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကို ရောက်ရှိလာပြီလို့ စစ်ကောင်စီက ...

ဆက်ဖတ်ရန်