ထန်တလန်မြို့ JMBC ဘုရားကျောင်းထဲလက်နက်ကြီးကျရောက်ပေါက်ကွဲ

ချင်းပြည်နယ်၊ ထန်တလန်မြို့ ဂျွန်ဆင်အောက်မေ့ဖွယ်နှစ်ခြင်းအသင်းတော် (JMBC) ဘုရားကျောင်းထဲမှာ မနေ့ စက်တင်ဘာ ၁၄ ရက်ညက လက်နက်ကြီးတလုံးကျရောက်ပေါက်ကွဲတာကြောင့် ဘုရားကျောင်းအဆောက်အအုံးဖျက်ဆီးသွားတယ်လို့သတင်းရရှိပါတယ်။

ထန်တလန်မြို့ တပ်ကုန်းနဲ့ မြို့ထဲက ရဲစခန်းကနေ မနေ့ည ၈နာရီကနေ ၁၀ နာရီကျော်ထိ အော်တိုသေနတ်သံတွေအဆက်မပျက်ကြားရပြီး လက်နက်ကြီးသံ ၄ ကြိမ်မက ကြားရတယ်လို့ဒေသခံတွေကပြောပါတယ်။

ထန်တလန်ဒေသခံတဦးက “မနေ့ညက သေနတ်သံ၊ လက်နက်ကြီးပေါက်ကွဲသံတွေကြားရတော့ ဘယ်သူမှအိမ်ပြင်မထွက်ရဲဘူး။ ဒီမနက် မိုးလင်းမှ ဗုံးပေါက်ကွဲတဲ့နေရာတွေလိုက်ကြည့်တာ။ လက်နက်ကြီးက ဘုရားကျောင်းခေါင်မိုးတည့်တည့်မှာကျလာပြီး မျက်နှာကြပ်ကိုဖောက်ပြီး ဝတ်ပြုအစည်းအဝေး ပရိသတ်တွေထိုင်တဲ့ ထိုင်ခုံထပ်ထူထူတွေ ဖျက်ဆီးသွားတယ်။ တခြား ၄ နေရာကျော်ကျော်မှာ လက်နက်ကြီးတွေကျတယ်။ သေနတ်သံက တပ်ကုန်းနဲ့ ရဲစခန်းကနေကြားတယ်” လို့ပြောပါတယ်။

ဒီမနက်မှာလည်း စစ်ကောင်စီတပ်သား ၃၀ လောက် ထန်တလန်စျေးရှေ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းပြီး သေနတ် ပစ်ဖောက်ကြတယ်လို့သိရတယ်။

Zalen ad

ထန်တလန်မြို့ ဒေသခံတဦးက “ဆိုင်ကယ်ကိုရပ်ခိုင်းပြီး ဘယ်သွားမလဲ၊ ဘာလုပ်မလဲဆိုတာ မေးကြတယ်။ တချို့က ဗမာစကားမပြောတတ်တော့ ကြောက်လန့်နေကြတာ။ အဲ့ဒါကို စစ်သားတွေက ပါးတွေရိုက်၊ ကန်ကျောက်ကြတယ်။ တယောက်ဆို ဗမာစကားနားမလည်လို့ စစ်သားတွေရပ်ခိုင်းတာကိုဆိုင်ကယ်မရပ်ပဲမောင်းသွားလို့ သေနတ်နဲ့ပစ်တယ်။ လူကိုတော့မထိဘူး” လို့ပြောပါတယ်။

Zawgyi

ထန္တလန္ၿမိဳ႕ JMBC ဘုရားေက်ာင္းထဲလက္နက္ၾကီးက်ေရာက္ေပါက္ကြဲ

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ ဂၽြန္ဆင္ေအာက္ေမ့ဖြယ္ႏွစ္ျခင္းအသင္းေတာ္ (JMBC) ဘုရားေက်ာင္းထဲမွာ မေန႔ စက္တင္ဘာ ၁၄ ရက္ညက လက္နက္ၾကီးတလံုးက်ေရာက္ေပါက္ကြဲတာေၾကာင့္ ဘုရားေက်ာင္းအေဆာက္အအံုးဖ်က္ဆီးသြားတယ္လုိ႔သတင္းရရွိပါတယ္။

ထန္တလန္ၿမိဳ႕ တပ္ကုန္းနဲ႔ ၿမိဳ႕ထဲက ရဲစခန္းကေန မေန႔ည ၈နာရီကေန ၁၀ နာရီေက်ာ္ထိ ေအာ္တိုေသနတ္သံေတြအဆက္မပ်က္ၾကားရၿပီး လက္နက္ၾကီးသံ ၄ ၾကိမ္မက ၾကားရတယ္လုိ႔ေဒသခံေတြကေျပာပါတယ္။

ထန္တလန္ေဒသခံတဦးက “မေန႔ညက ေသနတ္သံ၊ လက္နက္ၾကီးေပါက္ကြဲသံေတြၾကားရေတာ့ ဘယ္သူမွအိမ္ျပင္မထြက္ရဲဘူး။ ဒီမနက္ မိုးလင္းမွ ဗံုးေပါက္ကြဲတဲ့ေနရာေတြလိုက္ၾကည့္တာ။ လက္နက္ၾကီးက ဘုရားေက်ာင္းေခါင္မိုးတည္႔တည္႔မွာက်လာၿပီး မ်က္ႏွာၾကပ္ကိုေဖာက္ၿပီး ဝတ္ျပဳအစည္းအေဝး ပရိသတ္ေတြထုိင္တဲ့ ထုိင္ခံုထပ္ထူထူေတြ ဖ်က္ဆီးသြားတယ္။ တျခား ၄ ေနရာေက်ာ္ေက်ာ္မွာ လက္နက္ၾကီးေတြက်တယ္။ ေသနတ္သံက တပ္ကုန္းနဲ႔ ရဲစခန္းကေနၾကားတယ္” လို႔ေျပာပါတယ္။

ဒီမနက္မွာလည္း စစ္ေကာင္စီတပ္သား ၃၀ ေလာက္ ထန္တလန္ေစ်းေရွ႕မွာ လမ္းသြားလမ္းလာေတြကို စစ္ေဆးေမးျမန္းၿပီး ေသနတ္ ပစ္ေဖာက္ၾကတယ္လုိ႔သိရတယ္။

ထန္တလန္ၿမိဳ႕ ေဒသခံတဦးက “ဆုိင္ကယ္ကိုရပ္ခိုင္းၿပီး ဘယ္သြားမလဲ၊ ဘာလုပ္မလဲဆိုတာ ေမးၾကတယ္။ တခ်ဳိ႕က ဗမာစကားမေျပာတတ္ေတာ့ ေၾကာက္လန္႔ေနၾကတာ။ အဲ့ဒါကို စစ္သားေတြက ပါးေတြရိုက္၊ ကန္ေက်ာက္ၾကတယ္။ တေယာက္ဆို ဗမာစကားနားမလည္လို႔ စစ္သားေတြရပ္ခိုင္းတာကိုဆုိင္ကယ္မရပ္ပဲေမာင္းသြားလုိ႔ ေသနတ္နဲ႔ပစ္တယ္။ လူကိုေတာ့မထိဘူး” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်