ထိုင်း- မြန်မာနယ်စပ်က မောတောင်မြို့ကို တော်ရေးတပ်ဖွဲ့ပူး‌ပေါင်းတပ်တွေ သိမ်းပိုက်

နို၀င်ဘာ ၁၄၊ ၂၀၂၅

Zalen

ထိုင်း- မြန််မာနယ်စပ် တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီကနေ့ နို၀င်ဘာ ၁၄ ရက်မှာ သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ဒီကနေ့အထိ လေးရက်တာအတွင်း စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Zalen ad

” စစ်ကော်မရှင်တွေ အလံဖြူထောင် လက်နက်ချတာတွေရှိတယ်၊ ထိုင်းဘက်ကို ခွေးပြေး၀က်ပြေး ပြေးကြတာတွေလည်းရှိတယ်၊ အရေအတွက် ၂၀ ထက်မနည်းပေါ့။ အခုက နယ်မြေရှင်းလင်းရေးဆက်လုပ်နေတယ်။ ” လို့ မြေပြင်အခြေအနေသိရှိတဲ့ စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀ ဦးထက်မနည်းဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားပြီး ထိုင်းဘက်က လက်နက်တွေ သိမ်းဆည်းကာ ဒဏ်ရာရသူ‌တွေကို ဆေးရုံတင်ပေးထားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခုခံခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်အထိုင်ချထားတဲ့ တပ်စခန်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးနေရာတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် မောတောင်မြို့က ဒေသခံတွေ ထောင်နဲ့ချီ ဘေးလွတ်ရာ တောတောင်တွေနဲ့ ထိုင်း-မြန်မာနယ်စပ် မောတောင်-ဆင်ခွန်းနယ်စပ်မှာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ မောတောင်မြို့ဟာ ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရီခမ်ခရိုင်က ဆင်ခွန်းမြို့နဲ့ ထိစပ်နေတဲ့ ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။

မောတောင်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ မေလမှာ စတင်ဖွင့် လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးစခန်းပိတ်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အောင်လံမြို့နယ်ရှိ အရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

မတ် ၃ ၊ ၂၀၂၆ Zalen မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကန်စွန်းအင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မတ်လ ၃ ...

ဆက်ဖတ်ရန်