ဒီဆုတွေက ကျနော့်တွက် ဘွဲ့ထူး၊ဂုဏ်ထူးရသိလိုပါပဲလို့ပြောတဲ့ အဆိုတော် ထွဏ်းခမ်း

ချင်းတိုင်းရင်းသား အဆိုတော် ထွဏ်းခမ်းဟာ အမေရိကန်မှာရှိတဲ့ ချင်းအသိုင်းအဝိုင်းနှစ်ခုက ဂုဏ်ပြုတဲ့အနေနဲ့ ဒီနှစ်မှာ ဂီတဆု နှစ်ခုချီးမြှင့်ထားပါတယ်။

ဖေဖော်ဝါရီလ(၁၇)ရက်မှာ Chin TV International က Musical Appreciation ဆု၊ ဇူလိုင်လ(၇)ရက်မှာ ဇိုမီးအမျိုးသားညီလာခံမှာ ဇိုမီးဂီတဆုကို ချီးမြှင့်ကြပါတယ်။ သူဟာ ဒီဆုတွေယူဖို့ အမေရိကန်မှာ ငါးလကြာနေထိုင်ပြီး ဇူလိုင်လ (၁၂)ရက်မှာ ကလေးမြို့ကို ပြန်ရောက်လာပါပြီ။

အဆိုတော် ထွဏ်းခမ်းက “ကျနော်က ပညာရေး ဘွဲ့မယူဘဲနဲ့ ဂီတဘက်ကို သွားခဲ့တယ်။ ချင်းတစ်မျိုးလုံးအတိုင်းတာအနေနဲ့ ဆုပေးတယ်ဆိုတော့ ဒါဟာ ကျနော်ရဲ့ ဘွဲ့ထူးဂုဏ်ထူးဖြစ်တာပေါ့။ ကျနော်တွက်တော့ ဒေါက်တာဘွဲ့ရတယ်လို့သတ်မှတ်တယ်။ အမျိုးတွေရဲ့အားပေးမယ်။ ပရိသတ်တွေက ကျနော့် ဂီတကို ချစ်ပေးကြတယ်၊ အဲ့ဒါကြောင့် မလေးရှား၊ အမေရိက၊ ဂျာမနီ၊ ဒိန်းမတ်ရောက်ခဲ့တယ်။ ဇိုမီးအသိုင်းအဝိုင်းမှာဆို Zogam aw သီချင်း၊ ချင်းအသိုင်းအဝိုင်းမှာဆို ကျေးလက်တောတန်း သီချင်း မရိုးနိုင်တော့ဘူး။ ဒါက ဘုရားသခင်ကျေးဇူးတော်ပေါ့။ ချင်းတစ်မျိုးသားလုံးရဲ့ အားပေးမှုကြောင့် ဒီဆုနှစ်ခုကို ရရှိတယ်။ ဝမ်းလည်းသာတယ်။ အရမ်းလည်း ဂုဏ်ယူတယ်”လို့ပြောပါတယ်။

သူဟာ လက်ရှိ သား သုံးယောက်နဲ့ သမီးတစ်ယောက်ရှိပြီး အကြီးဆုံးက ငါးတန်းတက်နေပါတယ်။

Zalen ad

ကလေးမြို့မှာနေတဲ့အကြောင်းနဲ့ပတ်သက်ပြီး “တောင်ပေါ်ကို ချစ်တယ်။ ဒါပေမယ့် သားသမီးပညာရေးအတွက် တောင်ပေါ်မှာနေလို့မဖြစ်ဘူး။ မိသားစုအရေးက အဓိကဖြစ်နေတယ်။ သီချင်းက တစ်ခွေစာရှိနေတယ်။ သားငယ် မူကြိုတက်နိုင်ပြီးမှာ အခွေသွင်းနိုင်မယ်”လို့ဆိုပါတယ်။

ကလေးမြို့နေအိမ်မှာ ကုန်စုံဆိုင်ဖွင့်ပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေပါတယ်။

နောက်ဆုံးရသတင်းများ

အာဆီယံမှာ ပထမဆုံးအကြိမ်အဖြစ် တီမောလက်စတေက မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆို

ဖေဖော်ဝါရီ ၃၊ ၂၀၂၆။ တီမောလက်စတေနိုင်ငံ တရားစီရင်ရေး အာဏာပိုင်တွေဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုမှုတွေကို တရားဝင် စတင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ...

ဆက်ဖတ်ရန်