ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေနိုင်ငံ မြို့တော်ဝန်နဲ့ “ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ” ရဲ့ အမှုဆောင်ကော်မတီဥက္ကဋ္ဌ အဖွဲ့တို့လာရောက်တွေ့ဆုံ

၂၀၁၉၊ နိုဝင်ဘာ (၁၆)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား နော်ဝေနိုင်ငံ ဖရိုလန်းမြို့ရှိ မြို့တော်ဝန် Mr.Ove Gundersen နဲ့“ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ” ၏ အမှုဆောင်ကော်မတီဥက္ကဋ္ဌ Salai Jhon Thang Tam Mang တို့ ဦးဆောင်သော အဖွဲ့ဝင်တွေဟာ ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နအိမ်သို့ လာရောက်တွေ့ဆုံကြပါတယ်။

ဖရိုလန်းမြို့တော်ဝန် နဲ့ ပန်းခြံရဲ့ အမှုဆောင်ကော်မတီဥက္ကဋ္ဌတို့က ပန်းခြံ တိုးချဲ့ပြင် ဆင်တည်ဆောက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းကြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖရိုလန်းမြို့တော်ဝန်နဲ့ ပန်းခြံ ၏ အမှုဆောင်ကော်မတီဥက္ကဋ္ဌတို့ဦးဆောင်သော အဖွဲ့နှင့်အတူ နေအိမ်ခြံဝန်းအတွင်း မြန်မာ-နော်ေ၀ ချစ်ကြည်ရေးအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးကြပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အား ဂုဏ်ပြုသောအားဖြင့် နော်ဝေနိုင်ငံ ဖရိုလန်းမြို့ရှိ Froland Verk Grand Garden ပန်းခြံတွင်ပြုလုပ်တဲ့ “ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံ”အား ၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါပန်းခြံအား နော်ဝေနိုင်ငံ ဝန်ကြီး ချုပ်ဟောင်း မစ္စတာ ရှဲလ်မတ်နဲဘွန်ဒယ်ဗစ် ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့တယ်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္အား ေနာ္ေ၀ႏုိင္ငံ ၿမိဳ႕ေတာ္၀န္နဲ႔ “ ေဒၚေအာင္ဆန္းစုၾကည္ပန္းျခံ” ရဲ႕ အမႈေဆာင္ေကာ္မတီဥကၠ႒ အဖြဲ႔တို႔လာေရာက္ေတြ႔ဆံု

၂၀၁၉၊ ႏုိ၀င္ဘာ (၁၆)

ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အား ေနာ္ေ၀ႏုိင္ငံ ဖရုိလန္းၿမိဳ႕ရွိ ၿမိဳ႕ေတာ္၀န္ Mr.Ove Gundersen နဲ႔“ ေဒၚေအာင္ဆန္းစုၾကည္ပန္းျခံ” ၏ အမႈေဆာင္ေကာ္မတီဥကၠ႒ Salai Jhon Thang Tam Mang တုိ႔ ဦးေဆာင္ေသာ အဖဲြ႔၀င္ေတြဟာ ယေန႔ညေန ၃ နာရီတြင္ ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ နအိမ္သုိ႔ လာေရာက္ေတြ႔ဆံုၾကပါတယ္။

ဖရုိလန္းၿမိဳ႕ေတာ္၀န္ နဲ႔ ပန္းျခံရဲ႕ အမႈေဆာင္ေကာ္မတီဥကၠ႒တုိ႔က ပန္းျခံ တုိးခ်ဲ႕ျပင္ ဆင္တည္ေဆာက္ေနမႈႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းၾကပါတယ္။

ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ ဖရုိလန္းၿမိဳ႕ေတာ္၀န္နဲ႔ ပန္းျခံ ၏ အမႈေဆာင္ေကာ္မတီဥကၠ႒တုိ႔ဦးေဆာင္ေသာ အဖဲြ႕ႏွင့္အတူ ေနအိမ္ၿခံ၀န္းအတြင္း ျမန္မာ-ေနာ္ေ၀ ခ်စ္ၾကည္ေရးအထိမ္းအမွတ္ သစ္ပင္စုိက္ပ်ဳိးၾကပါတယ္။

ၿငိမ္းခ်မ္းေရးႏုိဘယ္လ္ဆုရွင္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္အား ဂုဏ္ျပဳေသာအားျဖင့္ ေနာ္ေ၀ႏုိင္ငံ ဖရုိလန္းၿမိဳ႕ရွိ Froland Verk Grand Garden ပန္းၿခံတြင္ျပဳလုပ္တဲ့ “ ေဒၚေအာင္ဆန္းစုၾကည္ ပန္းျခံ”အား ၂၀၁၆ ခုႏွစ္ ဇြန္လ ၁၉ ရက္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး အဆုိပါပန္းျခံအား ေနာ္ေ၀ႏုိင္ငံ ၀န္ႀကီး ခ်ဳပ္ေဟာင္း မစၥတာ ရွဲလ္မတ္နဲဘြန္ဒယ္ဗစ္ ကုိယ္တုိင္တက္ေရာက္ ဖြင့္လွစ္ေပးခဲ့တယ္။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်