နတ်ရေကန်ကနေထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်တပ် ၂၇ ဦးကို PRA-Magway မှအရှင်ဖမ်းမိ

အောက်တိုဘာလ ၃၊ ၂၀၂၅

Zalen

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် ဝန်းကျင်ကနေ ထွက်ပြေးလာတဲ့ တပ်မ (၉၉) နဲ့ စကခ (၁၇) လက်အောက်ခံ အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင် ၂၇ ဦးကို အရှင်ဖမ်းမိ ထားတယ်လို့ People Revolution Alliance – PRA Magway က မနေ့အောက်တိုဘာ ၂ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဖမ်းဆီးထားတဲ့ အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင် ၂၇ ဦးထဲမှအများစုဟာ အတင်းအဓမ္မစစ်မှုထမ်းဥပဒေ အရပေါ်တာဆွဲခံရပြီးနောက် အပတ်စဉ် (၇) မှ အပတ်စဉ် (၁၃ ) အထိ သင်တန်းဆင်းထားတဲ့ တပ်သားများဖြစ်ကြ တယ်လို့သိရပါတယ်။

ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းများကိုနိုင်ငံတကာ စစ်သုံ့ပန်းဥပဒေများနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ဟာ အဘက်ဘက်ကနေရှုံးနိမ့်နေပြီဖြစ်သော်လည်း ရွေးကောက်ပွဲနည်းလမ်းဖြင့် နိုင်ငံရေးအဖြေရှာခြင်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ကုန်သွယ်ရေးကိုအသုံးချကာ နိုင်ငံတကာ ဆက်ဆံရေးထူထောင်ခြင်း၊ စစ်မှုထမ်းဥပဒေကိုအသက်သွင်းကာ တပ်သားအင်အားစုဆောင်းခြင်း စတဲ့ကြိုတင် ပြင်ဆင်မှုများပြုလုပ်လာပြီးနောက် နိုင်ငံတစ်ဝှမ်းစစ်မျက်နှာများသို့ တပ်ဖြန့်ထိုးစစ်ဆင်လျက်ရှိတယ်လို့ဆိုပါ တယ်။

PRA-Magway ဟာ ရန်သူ့ထိုးစစ်ကိုကြံ့ကြံ့ခံခုခံလျက်ရှိပြီး စစ်နောက်ပိုင်းဒေသများမှာလည်း ပျောက်ကျားစစ်များ တိုးချဲ့ဖော်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။

တော်လှန်ရေး ၅ နှစ်နီးပါးကြာမြင့်လာတဲ့အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များထဲမှာ တစ်ဖွဲ့ချင်း အားကောင်းမှု လည်းအကန့်အသတ်ဖြစ်ခဲ့ပြီး တပ်ပေါင်းစုသဏ္ဍာန်စုစည်းမှုလည်းအားနည်းခဲ့တာကြောင့် အကြမ်းဖက် စစ်တပ်ရဲ့ တကျော့ပြန် အားကောင်းလာမှုမှာ ထိန်းချုပ်ဒေသတစ်ချို့ပြန်လည်လက်လွှတ်မှုများရင်ဆိုင်နေရတယ် လို့ဆိုပါတယ်။

ဒါ့ကြောင့် ယခုအချိန်ဟာ တော်လှန်ရေးအင်အားစုအသီးသီးရဲ့ တပ်ပေါင်းစုမူဝါဒကို လက်တွေ့ကျကျ ကျင့်သုံးအကောင် အထည်ဖော်ရမယ့်ယူဆကြောင်း၊ ပြည်သူလူထုမျက်နှာကိုငဲ့ကာ မိမိတစ်သင်းတစ်ဖွဲ့ အားကောင်း ရေးထက် တော်လှန်ရေးတစ်စုံလုံးအားကောင်းရေးကို ဦးတည်သင့်ကြောင်း နဲ့ တော်လှန်ရေးတပ်ဖွဲ့ အသီးသီးအနေဖြင့် ကွဲပြာသော အမိန့်ပေးကွက်ကဲမှု၊ တပ်အင်အားပြန့်ကြဲမှု၊ ဘဏ္ဍရေးလေလွင့်မှုများကို အကျစ်လစ်ဆုံး ပေါင်းစည်းကာ တညီတညွတ်တည်း တိုက်ပွဲဝင်ကြရမယ့် ကာလဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – Mickey

ပုံအညွှန်း – ဖမ်းဆီးထားတဲ့ သုံ့ပန်းများအားတွေ့ရစဉ်

ဓါတ်ပုံ – People Revolution Alliance – PRA Magway

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲလို့ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

အောက်တိုဘာ ၆ ၊၂၀၂၅ Zalen မကွေးတိုင်း ၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အရှေ့မြောက်ခြမ်း တစ်နေရာကို မနေ့ အောက်တိုဘာ ၅ ရက်နေ့ ၊ နေ့လယ် ၁၁ နာရီခွဲ ၀န်းကျင်မှာ စစ်ကောင်စီက ...

ဆက်ဖတ်ရန်