Zalen
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ မနေ့က ပေါက်ကွဲမှုဖြစ်လို့ လူ ၈ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ဒဏ်ရာရခဲ့ ကြပါတယ်။
မနေ့နိုဝင်ဘာလ ၁၀ ရက် ညနေ ၆ နာရီ ၅၂ မိနစ်မှာ နယူးဒေလီမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ Red Fort နန်းတော်ရှေ့ မှာ ဗုံးပေါက်ကွဲခဲ့ပြီး အခင်းဖြစ်တဲ့နေရာမှာ လူ ၈ ဦးသေဆုံးသလို ၂၄ ဦးကပြင်းထန်ဒဏ်ရာရခဲ့ကြပါတယ်။
Black Cat ကွန်မန်ဒိုနဲ့ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီက ဝန်ထမ်းတွေဟာ အခင်းဖြစ်ပွားရာနေရာကို အပြေးအလွှားသွားရောက်ခဲ့ပြီး လူနာတင်ယာဉ်တွေကိုလည်း အခင်းဖြစ်ပွားရာကို စေလွှတ်ခဲ့ပါတယ်။
အဆိုပါပေါက်ကွဲမှုဟာ ဂျမူးနဲ့ ကက်ရှ်မီးယားရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ အင်္ဂါနေ့ညနေပိုင်းက ဟာယာနာပြည်နယ်၊ ဖာရီဒါဘတ်မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း ၂၉၀၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိပြီးနောက်ဖြစ်တာလို့သိရပါ တယ်။
ရဲတပ်ဖွဲ့ရဲ့အဆိုအရ ကားတစ်စီးဟာ မီးနီမှာ တည်ငြိမ်စွာရပ်တန့်ပြီး ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။ပေါက်ကွဲမှုဟာ ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ Red Fort အမှတ် (၁) ဂိတ်ရဲ့ အပြင်ဘက်မှာ ဖြစ်ပွားခဲ့တာပါ။
ပြည်ထဲရေးဝန်ကြီး Amit Shah ကလည်း ဝန်ကြီးချုပ် Modi ကို ချက်ချင်းဖုန်းဆက်ခဲ့ပြီး ဘယ်လိုကိုင်တွယ် သွားကြမလဲဆိုတာအတည်မပြုနိုင်သေးပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကမှ သူတို့လုပ်ဆောင်တာဖြစ် ကြောင်း ထုတ်မပြောကြသေးပေမယ့် Jaish-e-Mohammed ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ရပါတယ်။ မဟုတ်ရင် နိုင်ငံရေးအသရေဖျက်မှုတစ်ခု ဖြစ်နိုင်တယ်လို့ ဒေသတွင်းသတင်းများကသုံးသပ်ထားပါတယ်။
လက်ရှိမှာနယ်စပ်လုံခြုံရေးကို တင်းကျပ်ထားပြီး မြို့တွေကို အနီရောင်သတိပေးချက် ထုတ်ပြန်ထားကာ စစ်ဆေးမှုတွေကို တင်းကျပ်ထားပါတယ်။ အကြမ်းဖက်သမားတွေဟာ ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခု လုပ်ဖို့ စီစဉ်နေတယ်လို့ ယုံကြည်ရပါတယ်။
သတင်း – Mickey
ပုံအညွှန်း – အခင်းဖြစ်ပွားရာမြင်ကွင်း
ဓါတ်ပုံ – လူမှုကွန်ယက်

















