နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။

Zalen

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ပွဲတော် ကို ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့တယ် ဒေသသတင်းများအရသိရပါတယ်။

ယ‌ေန့ဇန်နဝါရီလ ၁၄ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလေရှီးမြို့ မှာ နှစ်စဉ်ကျင်းပနေတဲ့ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို စတင်ကျင်းပနေတာဖြစ်ပါတယ်။

Zalen ad

နာဂတိုင်းရင်းသားများရဲ့ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ဇန်နဝါရီလ ၁၆ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပ‌နေကြတာဖြစ်ပြီး နာဂဒေသ လေရှီးမြို့၊ လဟယ်မြို့နဲ့ နန်ယွန်းမြို့များမှာအလှည့်ကျကျင်းပခဲ့ကြကာ ယခုနှစ် ၂၀၂၆ ခုနှစ်တွင် လေရှီးမြို့မှာ ကျင်းပနေတာဖြစ်ပါတယ်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ဟာ နာဂတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင်ရှောက်တဲ့ဖြစ်သလို နာဂတစ်မျိုးသားလုံး စည်းစည်းလုံးလုံးနဲ့ ပျော်ရွင်စွာ ဆင်နွဲကျင်းပတဲ့ပွဲတော်တစ်ခုဖြစ်ပြီး နှစ်ဟောင်းက‌နေနှစ်သစ်ကိုကြိုဆိုကာ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်မှုနဲ့ ကံကောင်းခြင်းတွေအတွက် ဆုတောင်းကြတဲ့ပွဲတစ်ခု လည်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ယင်းနှစ်သစ်ကူးပွဲတော်တွင် နာဂတိုင်းရင်းသားများက ရိုးရာနာဂ ဝတ်စုံများဝတ်ဆင်ပြီး ရိုးအက၊ ရိုးရာသီချင်းများနဲ့ဖျော်ဖြေခင်းနဲ့ သက်ကြီးရွယ်အိုများက ကောင်းကြီးပေးခြင်း၊ အတူတကွလက်စုံစားပွဲနဲ့ ဘာသာရေးဆုတောင်းပွဲများပြုလုကြတာဖြစ်ပါတယ်။

နာဂတိုင်းရင်းသားများရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ဟာ “အတိတ်ကိုထားခဲ့ပြီး အနာဂတ်ကိုမျော်လင့်ခြင်း” ဆိုတဲ့ အဓိပ္ပါယ်ကို ထိန်းသိမ်းထားတဲ့ပွဲတော်တစ်ခု ဖြစ်တယ်လို့ ဒေသသတင်းများက ဖော်ပြထားပါတယ်။

နာဂတိုင်းရင်းသား လူမျိုးများဟာ စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ နာဂတောင်တန်းဒေသတွင် အများစုအခြေချ နေထိုင်နေတာဖြစ်ပါတယ်။

သတင်း – ချင်းတွင်းသား

ပုံစာ – နာဂရိုရာနှစ်သစ်ကူးပွဲတော်ကျင်းပတဲ့အခမ်းအနားအားတွေ့ရစဉ်။

ဓာတ်ပုံ – ဒေသသတင်းများ

နောက်ဆုံးရသတင်းများ

တီမောလက်စတေး သမ္မတနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။Zalen တီမောလက်စတေ သမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (José Ramos-Horta)နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒိလီမြို့က သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ CHRO ...

ဆက်ဖတ်ရန်