အောက်တိုဘာ ၁၊ ၂၀၂၅
Zalen
အစိုးရဌာနတွေ နဲ့ အဖွဲ့အစည်းတွေရှိ နေ့စားဝန်ထမ်းတွေ၊ အလုပ်သမားတွေရဲ့ တစ်နေ့လုပ်အားခကို ၄၈၀၀ ကနေ အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀ တိုးကာ ကျပ် ၇၈၀၀ အထိ သတ်မှတ်လိုက်တယ်လို့ စစ်ကော်မရှင်ရဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေက နေ့စားဝန်ထမ်းတွေနဲ့ နေ့စားအလုပ်သမားတွေရဲ့ လုပ်ခကို အလုပ်ချိန် ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားတဲ့ လုပ်ခ ၄၈၀၀ ကျပ် ကနေ အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ပထမအကြိမ်၊ ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ ဒုတိယအကြိမ် လစဉ်ခံစားခွင့်ပြုခဲ့ပါတယ်။
လက်ရှိမှာ လက်ရှိထောက်ပံ့ပေးထားလျက်ရှိတဲ့ အပိုထောက်ပံ့ကြေး ကျပ် ၂၀၀၀ ကျပ်အပြင် ထပ်မံပြီး ကျပ် ၁၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် ထပ်မံ ခံစားခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းနဲ့ တပ်မတော်သား ဝန်ထမ်းတွေအတွက် လက်ရှိထောက်ပံ့ကြေး ကျပ် ၆၀,၀၀၀ အပြင် ကျပ် ၃၀,၀၀၀ ထပ်တိုးကာ စုစုပေါင်း ကျပ် ၉၀,၀၀၀၊ အငြိမ်းစားဝန်ထမ်းတွေအတွက် လက်ရှိထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ အပြင်ထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ ထပ်မံတိုးမြှင့်ပေးမယ်လို့ သိရပါတယ်။
တိုးမြှင့်ပေးလိုက်တဲ့ အပိုထပ်ဆောင်းကြေးကို လုပ်ငန်းစာချုပ်အစရှိတဲ့ ဆောင်ရွက်ပြီးစီးတဲ့ လုပ်ငန်းပမာဏ ဒါမှမဟုတ် အရေအတွက်ကိုလိုက်ပြီး အခကြေးငွေရရှိတဲ့ ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေ၊ အချိန်ပိုင်းသာ ဆောင်ရွက်ရတဲ့ ဝန်ထမ်းတွေမှာ ခံစားခွင့် မရှိဘူးလို့ ဖော်ပြထားပါတယ်။
ဒီအမိန့်ဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အတည်ဖြစ်တာကြောင့် နိုင်ငံဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို အောက်တိုဘာလအတွက် ပေးရန်ရှိတဲ့ လစာ၊ လုပ်ခ၊ ပင်စင်လစာနဲ့အတူ အပိုထောက်ပံ့ကြေးကို ထုတ်ပေးနိုင်အောင် ဆောင်ရွက်ပေးကြဖို့ ဘဏ္ဍာ/အခွန်ဝန်ကြီး ဒေါက်တာကံဇော်က ထုတ်ပြန်ပြောကြားထားပါတယ်။
Helen
Military Commission Announces Increase in Daily Wages to MMK 7,800 and Pension Top-Up by MMK 30,000
October 1, 2025
Zalen
The Ministry of Finance and Revenue under the Military Commission announced on September 30 that the daily wage for casual government staff and workers will be raised from MMK 4,800 to MMK 7,800, with an additional allowance of MMK 3,000.
Previously, the government had approved supplementary allowances of MMK 1,000 in October 2023 and another MMK 1,000 in August 2024, in addition to the existing daily wage of MMK 4,800. With this latest decision, the current allowance of MMK 2,000 has been increased by another MMK 1,000, raising the total daily rate to MMK 7,800.
Furthermore, civil servants and military staff will see their current monthly allowance of MMK 60,000 increased by MMK 30,000, bringing the total to MMK 90,000. Retired employees will also receive an additional MMK 30,000 on top of their existing MMK 30,000 pension allowance, raising their total monthly support to MMK 60,000.
The announcement also clarified that the additional payments will not apply to staff and workers who are compensated based on project contracts, completed work, output-based wages, or part-time duties.
The new measure takes effect from October 1, 2025. Finance and Revenue Minister Dr. Kan Zaw stated that the allowances will be disbursed together with the October salaries, wages, and pensions.