နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄

Zalen

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့တွင် ချင်းလဲန်းကာကွယ်ရေးတပ်-ပလက်ဝ၏ ထိန်းချုပ်နယ်မြေတွင် ပလက်ဝစုံညီ ညီလာခံ ကျင်းပပြုလုပ်ပြီး လူထုကိုယ်စားလှယ် (၁၂၂) ဦး၊ IKACC နဲ့ PADC မှ ကိုယ်စားလှယ် (၁၈) စုစုပေါင်း ညီလာခံ ကိုယ်စားလှယ် (၂၃၆) ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Zalen ad

အဆိုပါ ညီလာခံတွင် PADC ၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အသီးသီး အစီရင်ခံစာတွေ တင်သွင်းပြီး ပလက်ဝ၏ နိုင်ငံရေး၊ စစ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေ သုံးသပ်ဆွေးနွေးခဲ့ကြသလို့ PADC အစား Paletwa Council ဟု ပြောင်းလဲခဲ့ကြတယ်လို့ သိရပါတယ်။

Paletwa Council ဟာ ကောင်စီအတွင်းရှိ ပြည်သူလူထုရဲ့ ကိစ္စအဝဝကို စီမံဆောင်ရွက်နိုင်ရေး လိုအပ်တဲ့ မှုဝါဒ၊ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ရေးဆွဲခဲ့ပြီး စစ်အာဏာရှင် အမြတ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး၊ အမျိုးသားတန်းတူရေး လမ်းစဥ်များ ဆောင်ရွာရာတွင် ချင်းပြည်ကောင်စီ(CC)အပြင် ရည်မှန်းချက်တူ ပန်းတိုင်တူတဲ့ အခြားတော်လှန်ရေး အင်အားစုတွေနဲ့လည်း လက်တွဲပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

PADC ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၂-၂၄) ရက်တွင် ကျင်းပပြုလုပ်ခဲ့တဲ့ IKACC/CDF-Paletwa တို့ရဲ့ ပထမအကြိမ် ညီလာခံတွင် အတည်ပြုဖွဲ့စည်းထားတာဖြစ်ပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်